// 9 //

1.9K 259 38
                                        

"" ‌ယူဂျင်း မင်းတော့celeဖြစ်ပြီ ""

ရုတ်တရက်ပြောလာသူ အိုလီကြောင့်
ယူဂျင်း ကြောင်တောင်တောင်လေးဖြစ်သွားတယ်။

"" ဟမ် ဘာကို? ""

"" ဟာ မင်းဖုန်းမသုံးဖြစ်ပြန်ဘူးလား ""

"" စာမေးပွဲနဲ့ဟာကို ဘယ်လိုလုပ်သုံးဖြစ်မှာလဲ ""

"" ကြာတယ် ငါပဲပြလိုက်တော့မယ်
ဒီမှာကြည့်! ""

အိုလီ့ဖုန်းကိုကြည့်လိုက်တော့ သူ studioမှာအသံသွားသွင်းထားတဲ့ သီချင်းတင်ထားတာကိုပြနေတာဖြစ်ပြီး ထူးဆန်းတာက viewer  700Kကျော်နေတာပင်။

"" မဟုတ်တာ... ပေါက်ကရတွေ
ဒါငါ့ channel မဟုတ်ပါဘူး ""

"" ဟ! သေချာကြည့်ပါဦးကွ! peachujin ဆိုတာ မင်းမဟုတ်လို့ဘယ်သူလဲ! အခုဒီ video ကလည်းမင်းတင်ထားတဲ့မင်းသီချင်းလေ! ""

ယူဂျင်း မယုံသင်္ကာနဲ့ ကိုယ့်ဖုန်းကိုယ်ဖွင့်ကြည့်လိုက်တော့မှ notiပေါင်းများစွာနဲ့အတူမြင်လိုက်ရတဲ့ subscriberအရေအတွက်နဲ့ viewer 700Kကြောင့် ဖုန်းပါလွတ်ကျမလိုဖြစ်သွားတယ်။

"" shiii!!! တကယ်ငါ့သီချင်းပဲ! ""

"" အေးလို့! Congratulationsကွာ
အောင်မြင်သွားရင်မမေ့ကြေး ""

"" မေ့စရာလားကွ ""

ထင်မှတ်မထားတဲ့အဖြစ်အပျက်ကြောင့် ပျော်သွားရာကနေ ယူဂျင်း တဖြည်းဖြည်း စိုးရိမ်စိတ်ဝင်လာတယ်။

ဒီပုံစံအတိုင်းဆို ကိုကိုသိသွားဖို့ကအနှေးနဲ့အမြန်ပဲ။ ထားပါ သိလည်းသိပေါ့! ဘာလုပ်ရမှာလဲ! ပြီးတော့ အခု accကလည်း သူ့နာမည်အရင်းနဲ့မှမဟုတ်တာ သူဆိုတာ သိဖို့ကအဝေးကြီးပဲ!!

အဲ့ဒါထက်အရင် ကိုကိုနဲ့ထိပ်တိုက်တွေ့ဖို့ရှိတဲ့ပြဿနာကိုသာတွေးရမှာ။ ရင်ခုန်စရာတော့ကောင်းသား။ ကိုကိုဘယ်လိုတုံ့ပြန်မှာများလဲ?

ကျွန်တော်သိပ်ချစ်ရတဲ့ ကိုကို့အတွက်
surpriseတစ်ခုပြင်ထားပေးတယ်။
ကိုကိုစိတ်ဝင်စားဖို့မျှော်လင့်ပါတယ်။

အဖက်မလုပ်ဘူးဆိုရင်တော့ ကျွန်တော်တကယ်ဝမ်းနည်းမိမှာ။ အခုလည်းလုံလုံလောက်လောက်ကိုဝမ်းနည်းနေရတယ်ဆိုပေမဲ့ပေါ့..။

Love of My Life [ Completed ]Dove le storie prendono vita. Scoprilo ora