// 19 //

2.2K 251 26
                                    

"" ခင်ဗျား ကျွန်တော့်အခန်းထဲဘယ်လိုလုပ်ရောက်နေတာလဲ!!! ""

ယူဂျင်းက နိုးနိုးချင်း သူ့ကိုဖက်ထားတဲ့ ဂယူဗင်းလက်တွေကြားကရုန်းထွက်ကာ ထအော်လာခဲ့တာပင်။

"" ယူဂျင်းညကဖျားနေတာနဲ့ကိုကိုက.. ""

ဂယူဗင်းရှင်းပြဖို့လုပ်လိုက်ပေမဲ့ ယူဂျင်းကသူ့ကိုစကားဆုံးအောင်ပြောခွင့်မပေးဘဲ ကုတင်ပေါ်ကတွန်းချလာတာကြောင့် ထိုင်လျက်ပြုတ်ကျမသွားအောင် မနည်းထိန်းရပ်လိုက်ရတယ်။

"" ဘယ်သူက ခင်ဗျားကိုကျွန်တော့်အနားမှာနေခွင့်ပြုလို့လဲ!! ""

ယူဂျင်းက အော်ဟစ်ရင်းနဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းတွေနဲ့အတူ စိုက်ကြည့်လာခဲ့သလို ထိုမျက်ဝန်းတွေနဲ့ရင်ဆိုင်လိုက်ရတဲ့ဂယူဗင်းမှာလည်းတစ်ကိုယ်လုံးတောင့်ခဲသွားတော့တယ်။

ဒီအကြည့်..
နာကျည်းမှုအပြည့်နဲ့ဒီအကြည့်...
ယူဂျင်းသူ့ကိုနှစ်ခါမကကြည့်ခဲ့ဖူးတဲ့ဒီအကြည့်..

ဒါဆိုရင် သူထင်တာမှန်နေခဲ့တာပဲ...

"" ယူဂျင်း ""

သူ့အတွေးနဲ့သူကောက်ချက်ချပြီးတာနဲ့
ဂယူဗင်း ယူဂျင်းကိုပြေးဖက်မိရာ...
ယူဂျင်းက အဖက်မခံဘဲ ရုန်းပစ်ပါတယ်။

သို့ပေမဲ့လည်း ဂယူဗင်းကလက်မလျှော့ဘဲ
ယူဂျင်းကိုရင်ခွင်ထဲပြန်ဆွဲထည့်ကာ
ယူဂျင်းမရုန်းနိုင်လောက်တဲ့အားနဲ့အတူ
တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပြီးနောက်...တစ်ခွန်းချင်းပြောလာခဲ့တယ်။

"" ကိုကိုမင်းကိုချစ်တယ် ယူဂျင်း.. ကိုကို မင်းကို မင်းထင်ထားတာထက်ပိုပြီးအများကြီးချစ်ခဲ့တာပါ.. အဲ့ဒါကြောင့်လည်း မဖြစ်သင့်တာတွေဖြစ်ခဲ့ရပြီး ဒီလိုအခြေအနေတွေအထိရောက်လာခဲ့လို့ ကိုကိုတကယ်တောင်းပန်ပါတယ်.. တကယ်တော့ အဲ့ညက.. ""

"" တော်ပါတော့ ဂင်ဂယူဗင်းရဲ့ တော်ပါတော့!!! ""

ယူဂျင်းက ရှိသမျှအားအကုန်ထုတ်သုံးကာ
ဂယူဗင်းကိုတွန်းထုတ်ပစ်လိုက်ပါရင်း...

"" ဟုတ်တယ် ခင်ဗျားမှန်ပါတယ်.. ကျွန်တော် ဒီတလျှောက်လုံး ခင်ဗျားကို တမင်မမှတ်မိချင်ယောင်ဆောင်နေခဲ့တာ... နောင်တတွေရနေမယ့်ခင်ဗျားပုံစံကို အရသာရှိရှိနဲ့ကြည့်ချင်လို့လေ!! ဒါပေမဲ့.. နေ့စဉ်နဲ့အမျှ ခင်ဗျားရဲ့စိတ်မချမ်းမသာဖြစ်နေတဲ့မျက်နှာကိုမြင်နေရတာကကျွန်တော်ကိုယ်တိုင်လည်းစိတ်တွေမွန်းကြပ်လွန်းလို့ရူးတော့မလိုပဲ...!!! ""

Love of My Life [ Completed ]Where stories live. Discover now