// 16 //

1.9K 250 40
                                    

"" မင်္ဂလာပါ ယူဂျင်းနီး...
နူးနားတို့တစ်ခါဆုံဖူးတာကိုမှတ်မိတယ်မလား?? ""

"" ဟုတ် နူးနား ကျွန်တော်မှတ်မိပါတယ် ""

ယူဂျင်းရင်ထဲစုတ်ပြတ်သတ်နေပေမဲ့လည်း
ဟန်ဗြောကိုတော့ပြုံးပြနှုတ်ဆက်နိုင်ခဲ့တယ်။

"" အိုက်ဂူး ချစ်စရာလေး ""

သို့ရာတွင် ဟန်ဗြောက ပါးကိုလှမ်းဖျစ်ဖို့လုပ်တဲ့အခါမှာ‌တော့ယူဂျင်းဘက်ကရှောင်လိုက်တာကြောင့် အနေခက်သွားကြတဲ့အခြေအနေကြီးကို ဂယူဗင်းကဝင်ရှင်းပေးလာပါတယ်။

"" သူကအဲ့လိုပဲ ဗြောရဲ့ သိပ်မရင်းနှီးတဲ့လူနဲ့ဆို skinshipမကြိုက်လို့ ""

"" အာ.. ငါသိပြီ.. sorryနော် ယူဂျင်းနီး..
နူးနားတို့အခုမရင်းနှီးတောင် နောက်တော့လည်းရင်းနှီးသွားကြမှာပဲဟာ အေးဆေးပေါ့.. နူးနား အခု ယူဂျင်းနီးအတွက် chocolate cakeမှာပေးထားတယ် ယူဂျင်းနီးက ဒီဆိုင်က chocolate cakeကြိုက်တာမလား ""

ကိုကိုပြောပြထားတာပဲလို့တွေးမိကာ
အံ့ဩစရာမရှိပေမဲ့ ယူဂျင်း အံ့ဩချင်ယောင်ဆောင်ပြီး ပြန်မေးပေးလိုက်တယ်။

"" ဟုတ်ကဲ့ နူးနားဘယ်လိုလုပ်သိတာလဲ ""

"" သိတာပေါ့.. ပြောရရင် အဲ့ဒီ chocolate cake ကြောင့် နူးနားနဲ့မင်းကိုကိုစတွေ့ခဲ့ကြတာ.. နူးနားဝယ်မယ့် chocolate cakeကို မင်းအတွက်ဆိုပြီး လုဝယ်သွားတာ သူပေါ့ ""

ဟန်ဗြောစကားကြောင့် ဂယူဗင်းထရယ်ကာ..

"" အဲ့ဒါကြောင့် နောက်ရက်‌ပြန်တွေ့တော့
ကိတ်တစ်လုံးပြန်ဝယ်ပေးလိုက်တယ်မလား..
အဲ့မှာတင် ကျေသွားပြီကို.. အဲ့ကိစ္စကြီးပြောမဆုံးတော့ဘူး ""

တစ်ယောက်နဲ့တစ်ယောက် စတွေ့ခဲ့တဲ့အမှတ်တရတွေကိုပြန်ပြောရင်း ရယ်မောနေကြတာကို ယူဂျင်းမှာ တအံ့ဩတဩ ‌ငေးကြည့်နေမိပါရဲ့။

လက်စသတ်တော့... သူတို့နှစ်ယောက် ဆုံစည်းစေဖို့အတွက် သူကိုယ်တိုင်ကပါ ပေါင်းကူးတံတားလေးဖြစ်ပေးခဲ့ရတာပဲ။

သူကတော့ အဲ့ဒါကိုမသိဘဲ...
ကိုကိုဝယ်လာပေးတဲ့ chocolate cakeကို
အရသာရှိရှိစားခဲ့သေးတာ။

Love of My Life [ Completed ]Where stories live. Discover now