အလုပ်လုပ်ရင်းမျက်လုံးကိုခဏခဏပွတ်နေတဲ့ဂယူဗင်းကြောင့် ဂျီအုံး တစ်ခုခု မူမမှန်တာကိုသတိထားမိလိုက်တယ်။
"" အိပ်ချင်နေတာလား?
မနေ့ညကမအိပ်ရခဲ့ရဘူးလား """" အင်း.. ယူဂျင်းကိုတစ်ညလုံးစောင့်ကြည့်နေရာကမိုးလင်းသွားမှန်းတောင်မသိလိုက်ဘူး ""
"" အဲ့ဒါများ ဆရာဝန်နဲ့ပြပြီးတာနဲ့အိမ်ပြန်လာတာမဟုတ်ဘူး တစ်ညစောင့်ကြည့်ဖို့အတင်းခွင့်တောင်းခဲ့ရသေးတယ် ""
"" ကျွန်တော်မှစိတ်မချတာဗျာ ""
"" ပိုကိုပိုတယ်.. အိပ်ချင်ရင်အိမ်ပြန်အိပ်လိုက်
companyမှာလာငိုက်မနေနဲ့ """" ဘယ်မှငိုက်ရသေးလို့လဲ.. မပြန်ပါဘူးဗျာ အလုပ်တွေဒီလောက်များနေတာကို..မက်ထျူးဟျောင်းနဲ့ ရစ်ခီ့ကိုခေါ်ထားပြီးပြီလား ဒီနေ့ fitting တိုင်းရမှာနော် ""
"" ခေါ်ထားတယ် အခုပဲသွားမလို့
မင်းရောလိုက်ကြည့်မှာမလား """" ကြည့်မှာပေါ့ဗျ ""
"" ဒါဆို လာ အခုသွားမယ်
မက်ထျူးတို့က fitting roomထဲရောက်နေလောက်ပြီ ""ဂယူဗင်းတို့ CEOခန်းထဲက ထွက်ထွက်ချင်းမှာပဲ အတွင်းရေးမှူးဘတ်ကကပျာကယာနဲ့အနားရောက်လာပြီး စိုးရိမ်ပူပန်စွာနဲ့ပြောလာတယ်။
"" ခုနကပဲ စက်ရုံကဖုန်းဆက်လာတယ်ဗျ
အဝတ်တွေထားတဲ့နေရာမီးလောင်လို့တဲ့ ""ရုတ်တရက်ကြီး ကြားလိုက်ရတဲ့
သတင်းဆိုးကြောင့် ဂယူဗင်း အိပ်ချင်စိတ်တွေပါပျောက်ပြီး တစ်ကိုယ်လုံးထူပူသွားတော့တယ်။"" ဘာ! လူတွေရော အန္တရာယ်ကင်းရဲ့လား ""
"" လူတွေကတော့ ဘာမှမဖြစ်ဘူးပြောတယ်
အဝတ်တွေပဲပါကုန်တာတဲ့ """" ဘယ်လောက်တောင်လဲ ""
"" အသေးစိတ်တော့ကျွန်တော်လည်းမသိရသေးဘူး စက်ရုံမန်နေဂျာက အကြမ်းဖျင်းလောက်ပဲပြောပြသွားတာဆိုတော့လေ ""
"" ကောင်းပြီ ဒါဆို အခု ကျွန်တော်တို့စက်ရုံသွားရအောင် ""
"" ဟုတ်ကဲ့ ""