// 17 //

2K 250 32
                                    

ယူဂျင်း ညတွင်းချင်းပဲ ဂယူဗင်းရှိနေတဲ့ company ကိုလိုက်သွားခဲ့ရာ ဂယူဗင်းက သူ့ကိုမြင်တာနဲ့ မယုံကြည်နိုင်သလို ကြည့်ရင်း ပြောလာခဲ့တယ်။

"" တစ်ယောက်တည်းလာခဲ့တာလား မိုးတွေဒီလောက်သည်းနေတာကို အန္တရာယ်များကများနဲ့ ""

"" မိုးသည်းတာထက် ကိုကိုလုပ်နေတာတွေက
ကျွန်တော့်အတွက်ပိုအန္တရာယ်များနေတာ‌ကိုရောသိရဲ့လား ""

ယူဂျင်းပြောလိုက်တော့ ဂယူဗင်းနှုတ်ခမ်းတွေတင်းတင်းစေ့သွားခဲ့ပြီး ယူဂျင်းမျက်နှာကိုသေချာစိုက်ကြည့်လာပါတယ်။ ပြီးသွားတော့မှ....

"" တစ်ခုခုဖြစ်လာတာလား ယူဂျင်း ""

"" ဟင့်အင်း ကျွန်တော်ကိုကို့ကိုမေးစရာကျန်သေးလို့ ပြီးတော့ ပြောစရာလည်းရှိတယ် ""

နောက်ဆုံးတော့....
သူတစ်ချိန်လုံးပြောချင်နေခဲ့တဲ့စကားကိုပြောဖို့ရာ ယူဂျင်း ခဏလောက် အားယူလိုက်ပြီးမှ...ဂယူဗင်းမျက်လုံးတွေကိုစိုက်ကြည့်ကာ...

"" ကျွန်တော်ကိုကို့ကိုချစ်တယ်ကိုကို... ညီအစ်ကိုဆိုတဲ့စည်းကိုကျော်ပြီးကျွန်တော်ကိုကို့ကိုချစ်မိနေတာ.. ဘယ်အချိန်ကစခဲ့တာလဲတော့ကျွန်တော်သေချာမမှတ်မိတော့ဘူး.. ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကိုကိုမရှိရင်အသက်မရှင်နိုင်လောက်တော့တဲ့အထိကျွန်တော်ကိုကို့ကိုချစ်တယ် ""

တစ်ခွန်းချင်းပြောလာပါသော ယူဂျင်းစကားတွေ‌အား အစအဆုံး နားထောင်ပြီးတဲ့နောက် ဂယူဗင်းတစ်ကိုယ်လုံး ရေခဲတမျှအေးစက်လာခဲ့သလို... မတ်မတ်ရပ်နိုင်ဖို့ကိုတောင်မနည်းအားတင်းထားရတော့တယ်။

သူ လုံးဝမဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တဲ့အရာက နောက်ဆုံးတော့ ဖြစ်လာခဲ့တာပဲ....

ယူဂျင်းက သူကိုချစ်တယ်တဲ့
ယူဂျင်းကလည်း သူ့ကိုချစ်တယ်တဲ့
ယူဂျင်းက သူ့ကိုချစ်နေခဲ့တာတဲ့...

ဘုရား ဘုရား... အဲ့လိုသာဆို သူ ဒီတလျှောက်လုံးယူဂျင်းအပေါ်မှာ ဘယ်လောက်ထိရက်စက်ခဲ့မိပြီလဲ... တစ်ချိန်လုံး သူ့ဘက်ကပဲတစ်ဖက်သတ်ခံစားချက်ရှိနေခဲ့တာဆိုပြီး တွေးနေခဲ့တာ... ယူဂျင်းရှေ့မှာသူ့ခံစားချက်တွေပေါ်သွားခဲ့တုန်းကလည်း ယူဂျင်းဘက်က ဒီအတိုင်းပဲ သူ့ခံစားချက်တွေကိုရိပ်မိသွားရုံလို့ထင်နေခဲ့တာ.... 

Love of My Life [ Completed ]Where stories live. Discover now