အိမ်ပြန်ရောက်တဲ့အထိ ယူဂျင်း ဂယူဗင်းကိုစကားမပြောတော့သလို ထမင်းစားချိန်မျက်နှာချင်းဆိုင်တွေ့လိုက်ရတာကလွဲပြီး ကျန်တဲ့အချိန်တွေမှာဆို အခန်းပဲအောင်းနေတော့တာကြောင့် ဂယူဗင်းဘက်ကလည်း စကားစပြောပေးဖို့အခွင့်အရေးမရှိတော့တာပင်။
အခန်းထဲသွားပြောလို့ရပေမဲ့လည်း
ယူဂျင်းကအခုဘာဖြစ်လို့ဖြစ်နေမှန်းသူမသိဘူးမလို့ သွားပြီး စကားပြောနေတာထက်စာရင် alone timeပေးထားလိုက်တာကပိုအဆင်ပြေတယ်လို့ပဲ ဂယူဗင်းတွေးမိတယ်။အဲ့ဒါကြောင့် သူလည်း ထမင်းထွက်စားပြီးတာနဲ့အခန်းထဲမှာပဲအလုပ်ဆက်လုပ်ရင်းအချိန်ကုန်သွားရပြီး နည်းနည်းမျက်ကြောစင်းလာတာနဲ့ နာရီကိုလှမ်းကြည့်လိုက်တော့ ထင်တဲ့အတိုင်း 11နာရီ။
ဟိုတစ်ခါ အစာအိမ်ယောင်ထားပြီးကတည်းက ယူဂျင်းကိုယ်တိုင် သူ့အိပ်ချိန်ကို 11နာရီဆိုပြီးသတ်မှတ်ပေးထားလို့ ဂယူဗင်းမှာ 11နာရီထိုးတာနဲ့အလိုလိုမျက်ကြောစင်းလာတော့တာပဲ။
အဲ့ဒါနဲ့ အလုပ်တချို့လက်စသတ်ပြီး အိပ်ဖို့လုပ်ရတယ်။ သို့ပေမဲ့ မှေးခနဲအိပ်ပျော်ခါနီးမှာပဲယူဂျင်းရဲ့တံခါးခေါက်သံလေးကိုကြားလိုက်ရတာကြောင့်...
"" ဝင်ခဲ့ lockမချထားဘူး ""
ဂယူဗင်းအိပ်ချင်မူးတူးနဲ့ လှမ်းတော့ပြောလိုက်ပေမဲ့အရမ်းအိပ်ချင်နေတဲ့အတွက်မျက်လုံးကတော့မဖွင့်နိုင်။
သိပ်မကြာပါဘူး.. ယူဂျင်းက ကုတင်ပေါ်တက်လာကာ ဘေးတစောင်းအိပ်နေတဲ့သူ့ကိုအနောက်ကနေသိုင်းဖက်လာတာနဲ့ ဂယူဗင်းလည်းအကျင့်ပါနေတဲ့ကိစ္စတစ်ခုလိုမျိုး သူ့ခါးကိုဖက်ထားတဲ့ ယူဂျင်းလက်ကလေးကိုဖွဖွလေးပြန်ဆုပ်ကိုင်ပေးမိတယ်။
တကယ်တော့ သူတို့ငယ်ငယ်လေးကတည်းက အခုလိုမျိုးအိပ်နေကျဖြစ်တာရယ်.. ဂယူဗင်းကိုယ်တိုင်ကလည်းတော်တော်လေးအိပ်ချင်နေပြီး အိပ်မက်လား လက်တွေ့လားမသဲကွဲတာရယ်ကြောင့် ယူဂျင်းကိုဘာမေးခွန်းမှပြန်မထုတ်မိတာပင်။
ယူဂျင်းမှာတော့ ကိုကိုသူ့ကိုအခုလိုဘာမေးခွန်းမှမမေးဘဲ ငယ်ငယ်ကလိုမျိုးသူ့လက်ကလေးကိုကိုင်ထားပေးပြီးဖက်ထားခွင့်ပြုတာနဲ့တင် ကျေးဇူးအထပ်ထပ်တင်နေမိပါတယ်။
