ကိုကို ဟန်ဗြောနူးနားနဲ့တွေ့ခဲ့တယ်ဆိုတာကိုသိရပြီးကတည်းကယူဂျင်းလုံးဝစိတ်မကြည်တော့ဘူး။
ကိုကို့ကိုမယုံတာမျိုးတော့မဟုတ်ပေမဲ့ သူ့ကိုတော့ဒီနေ့အလုပ်ရှုပ်မှာမလို့အိမ်ပြန်နောက်ကျမယ်ပါပြောထားတာမလား... ဒါပေမဲ့ ဟန်ဗြောနူးနားနဲ့ကျတွေ့နိုင်နေတယ်လေ။
ဟန်ဗြောနူးနားကလည်းဘယ်အချိန်ကတည်းကကိုရီးယားပြန်ရောက်နေတာလဲ... ဟန်ဗြောနူးနားပြန်ရောက်နေတာကိုသူတစ်ယောက်ပဲမသိတာလား? ကိုကိုနဲ့ကရောအဆက်အသွယ်ရှိနေခဲ့တာလား???
တွေးရင်းတွေးရင်းနဲ့ စိတ်ထဲပိုပိုပြီးမသင်္ကာဖြစ်လာရတာမို့ ယူဂျင်း ချက်ချင်းပဲကိုကို့ဆီဖုန်းခေါ်လိုက်တော့တယ်။ ဒါပေမဲ့ဖြစ်ချင်တော့ သူ့ဘက်ကဆယ်ခါလောက်ဆက်တိုက်ခေါ်နေတာတောင်ကိုကို့ဘက်ကဖုန်းမကိုင်ခဲ့ဘူး။
"" ဖုန်းမကိုင်ဘူးပေါ့ဂင်ဂယူဗင်း ရတယ်လေ ""
ခပ်တိုးတိုးကြုံးဝါးလိုက်ပါရင်း ကိုကိုအလာကိုဧည့်ခန်းထဲကနေထိုင်စောင့်မနေတော့ဘဲ အိပ်ခန်းထဲဝင်အိပ်နေလိုက်တော့တယ်။ ဒါပေမဲ့ ဟိုဟိုဒီဒီအတွေးများနေရတာကြောင့် ယူဂျင်းတစ်စက္ကန့်လေးတောင်အိပ်မပျော်နိုင်ခဲ့ပါဘူး။ အဲ့လိုနဲ့ည10နာရီလောက်မှာတော့ကိုကိုအိမ်ပြန်ရောက်လာခဲ့တယ်။
"" အိပ်တောင်ပျော်နေပြီလား
ကိုကိုကတော့မင်းအတွက်မုန့်ဝယ်လာခဲ့တာကို ""ပြောပြောဆိုဆိုနဲ့သူ့နဖူးလေးကိုငုံ့နမ်းလာတဲ့ကိုကို့ကို ယူဂျင်းမျက်လုံးအသာဖွင့်ကြည့်လိုက်တယ်။ သေချာပေါက်သူ့မျက်နှာကတော့မှုန်ကုပ်နေလောက်မှာပေါ့။ ဒါကို ကိုကိုကလည်းတန်းသတိထားမိတယ်။
"" ဘာဖြစ်လို့လဲယူဂျင်းနီး
ကိုကိုမင်းကိုနှိုးလိုက်မိလို့လား """" ကျွန်တော့်ဖုန်းကိုဘာလို့မကိုင်တာလဲ ""
မာဆတ်ဆတ်လေသံနဲ့သူမေးလိုက်တော့ ကိုကိုကသူ့ပါးလေးကိုဆွဲညှစ်ရင်းပြန်ဖြေလာပါတယ်။
"" ကိုကိုအလုပ်ရှုပ်နေလို့ပါကလေးလေးရဲ့ ""
"" ဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ်လေ ကျွန်တော်သေရေးရှင်ရေးဖြစ်နေတာဆိုဘယ်လိုလုပ်မလဲ ""