ကျောင်းဆင်းချိန်တွင် ယူဂျင်းDriverမင်ကိုမတွေ့သေးလို့လိုက်ရှာနေစဉ် ရှေ့နားတစ်ဝိုက်မှာ ကျောင်းသူလေးတွေအုပ်စုဖွဲ့ပြီးတစ်နေရာတည်းကိုပဲလှမ်းကြည့်နေတာကြောင့် ဘာရယ်မဟုတ် လိုက်ကြည့်မိလိုက်ရာ ...
အဝေးကနေတောင် ထင်းထွက်နေတဲ့ visual အပြင် အချိုးကျလွန်းတဲ့ body structureနဲ့ ကားကိုကျောမှီထားရင်းလက်ပိုက်လျက်ရပ်ကာသူ့ကိုပဲတန်းတန်းမတ်မတ်စိုက်ကြည့်နေတဲ့ ဂယူဗင်းနဲ့အကြည့်ချင်းဆုံသွားတော့တယ်။
အခုမှလာကြိုနေလည်းအပိုပဲ..
ကျွန်တော်ကိုကို့ကိုသိပ်ကြည့်ရတော့တာမဟုတ်ဘူးယူဂျင်း စိတ်ထဲကနေမကျေမနပ်ပြောလိုက်ပြီးခပ်တည်တည်နဲ့ဆက်လျှောက်သွားတယ်။
ဂယူဗင်းအနားရောက်တော့မမြင်ချင်ယောင်ဆောင်ပြီးကျော်သွားလိုက်ပေမဲ့ ထင်မှတ်မထားဘဲကျောပိုးအိတ်ကနေဆောင့်ဆွဲခြင်းကိုခံလိုက်ရကာ ဟန်ချက်ပျက်ပြီးယူဂျင်းခန္ဓာကိုယ်တစ်ခုလုံး ဂယူဗင်းရင်ခွင်ထဲ အင့်ခနဲရောက်သွားတော့တယ်။
"" ဘယ်ကိုကျော်သွားတာလဲ ""
ဂယူဗင်းက ပခုံးလေးကိုအသာအယာဖက်ပြီး
သူ့ကိုယ်လေးကိုထိန်းပေးထားပေမဲ့ စိတ်ဆိုးနေဆဲဖြစ်တာကြောင့် လျင်လျင်မြန်မြန်ပဲ ယူဂျင်း ရုန်းထွက်လိုက်တယ်။ပြီးတာနဲ့ ဂယူဗင်းဘက်ကိုလှည့်ပြီး ပြန်ပြောလိုက်တာက ခပ်ရွဲ့ရွဲ့။
"" မတွေ့တာကြာတော့ မမှတ်မိတော့လို့လေ
sorryပါနော် ""ထိုအခါ ဂယူဗင်းကရယ်နေတာကြောင့်
ယူဂျင်းမှာ ပိုလို့တောင်စိတ်တိုလာတယ်။"" ကျွန်တော်ပြောတဲ့အထဲ
ဘာရယ်စရာမှမပါဘူးနော်! """" ပါးစပ်ပါလို့ရယ်တာလေ မရဘူးလား? ""
"" ကိုကို! ""
"" ကိုကိုလို့ခေါ်ပုံထောက်ရင်တော့ မှတ်မိသွားပြီထင်တယ် ဒီလောက်ဆိုရပြီ ကားပေါ်တက် ""
"" မတက်ဘူး! ""
သူတံခါးဖွင့်ပေးနေတာတောင်
ယူဂျင်းကကားပေါ်မတက်ဘဲပေကပ်ကပ်လုပ်နေတဲ့အပြင် ခြေပါဆောင့်ပြီး တစ်ဖက်လှည့်သွားတာကြောင့် ဂယူဗင်းမှာအသည်းတွေယားလာတယ်။