အိမ်ပြန်လမ်းတလျှောက်လုံး ယူဂျင်းဘက်ကတိတ်ဆိတ်နေတာကြောင့် ဂယူဗင်းမှာ ကားမောင်းတာတောင်စိတ်ဖြောင့်ဖြောင့်မမောင်းနိုင်ဘဲ ယူဂျင်းဘက်ကိုလှည့်လှည့်ကြည့်နေမိတယ်။
နောက်ဆုံးမှာတော့ မနေနိုင်တော့ဘဲ
သူ့ပါးစပ်ကထုတ်မေးမိတော့တယ်။"" ယူဂျင်း ကိုကို့ကိုစိတ်ကောက်နေတုန်းလား ""
ထိုအခါယူဂျင်းက ကပျာကယာနဲ့ငြင်းရှာတယ်။
"" ဟင့်အင်း.. မဟုတ်ပါဘူး
ကျွန်တော်စိတ်မကောက်တော့ပါဘူး """" ဒါဆိုဘာလို့ငြိမ်နေတာလဲ ""
"" အဲ့ဒါက... ""
'ကိုကို့ကိုရင်ခုန်နေလို့'ဆိုတာကြီးကိုသူ့ပါးစပ်ကဘယ်လိုလုပ်ပြီးထုတ်ပြောနိုင်မှာလဲ.... ဆင်ခြေတစ်ခုခုတော့ပြရမှာဖြစ်တာကြောင့် ယူဂျင်း ပါးစပ်ထဲတွေ့ရာလျှောက်ပြောလိုက်တော့တယ်။
"" လေအေးထဲမှာထိုင်နေတာကြာသွားလို့ထင်တယ် ချမ်းစိမ့်စိမ့်ဖြစ်နေလို့ကိုကို..အဟွတ် အဟွတ် ""
ပိုပြီးပီပြင်အောင်
လုပ်ချောင်းလေးပါအစစ်ထည့်ဆိုးပြလိုက်တာကိုကိုတကယ်ယုံသွားတယ်ထင်ပါရဲ့..
ချက်ချင်းပဲကားကိုလမ်းဘေးထိုးရပ်ပြီး
သူ့ကုတ်အင်္ကျီကိုချွတ်ပေးလာတယ်။"" ဝတ်ထား ""
"" ရပါတယ် ကိုကိုချမ်းနေမှာပေါ့ ""
"" မချမ်းဘူး ဝတ်ထားလိုက် ""
"" ဟုတ် ""
ယူဂျင်းကုတ်အင်္ကျီဝတ်နေချိန်မှာပဲဂယူဗင်းလက်တွေကသူ့မျက်နှာပေါ်ရောက်လာခဲ့ရာ ယူဂျင်းတစ်ကိုယ်လုံးရှိန်းတိန်းဖိန်းတိန်းဖြစ်လာပြီးငြိမ်စပြုနေတဲ့ရင်ခုန်သံတွေဟာလည်းတစ်ဖန်ပြန်လည်ဝုန်းဒိုင်းကြဲလာတော့တယ်။
"" အသားတွေကအေးစက်နေတာပဲ..ဘယ်အချိန်ကတည်းကအဲ့ကစားကွင်းကိုရောက်နေတာလဲ ""
"" ..... ""
"" ယူဂျင်း ကိုကိုပြောနေတာကြားလား ""
"" ဗျာ! အာ... ညနေကတည်းကရောက်နေတာ
ကိုကိုအိမ်ပြန်ခိုင်းလိုက်တဲ့အချိန်ကတည်းက ""