ဘာ message၊ ဘာ ph call မှ မဝင်ဘဲ ငြိမ်သက်နေတဲ့ ph screen ကိုကြည့်ပြီး ယူဂျင်း ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့တဲ့သက်ပြင်းကိုချလိုက်မိတယ်။
သူ ကိုကို့ကို message ၁၀စောင်အထက်ပို့ထားတဲ့အပြင် ၁၅ခါတိတိဖုန်းတွေခေါ်ထားခဲ့တာတောင် ကိုကို့ဘက်က ဘာမှမတုံ့ပြန်ပုံအရ... ကိုကိုသူ့ကိုတကယ်ကြီးစိတ်ဆိုးနေတာထင်ပါတယ်။
ဖြစ်ပုံက ဒီလို။
သူဆေးရုံကထွက်ပြီး ထယ်ရယ်ဟျောင်းရဲ့ ကိုယ်ပိုင် clinic မှာအလုပ်ဝင်လိုက်တဲ့အကြောင်း ကိုကို့ကိုကြိုအသိမပေးမိခဲ့တာကစတယ်။
ဆေးကျောင်းအတူတူတက်ခဲ့ကတည်းက ထယ်ရယ်ဟျောင်းရဲ့ အိပ်မက်က ကိုယ်ပိုင် clinicတစ်ခုထောင်ချင်တာလေ။ သူ့ကိုလည်း အလုပ်အတူတူတွဲလုပ်ဖို့ အဲ့ဒီအချိန်ကတည်းက ကတိတောင်းခဲ့တာ။
ယူဂျင်းဆရာဝန်စဖြစ်တဲ့နှစ်မှာပဲ ထယ်ရယ်ဟျောင်းက သူ့ clinic ကိုလာဖို့ခေါ်နေတာကို ယူဂျင်းဘက်ကဆေးရုံမှာအရင်လုပ်ရင်းအတွေ့အကြုံယူချင်သေးတယ်လို့ပြောပြီး ၃နှစ်နီးပါးအချိန်ဆွဲထားခဲ့တာ။
ဖြစ်ချင်တော့ ဒီတလောလေးကမှ ထယ်ရယ်ဟျောင်းရဲ့ clinicမှာ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာအထူးကုကရုတ်တရက်နှုတ်ထွက်သွားလို့ လူလိုနေတာနဲ့ ထယ်ရယ်ဟျောင်းကိုပေးထားတဲ့ကတိအတိုင်း ယူဂျင်း လက်ခံလိုက်ရတာ။
အစကတော့ ကိုကို့ကိုကြိုအသိပေးထားမလို့ပါပဲ။ ဒါပေမဲ့ ရုတ်တရက်ဖြစ်လာတဲ့အခြေအနေအရ အပြောင်းအရွှေ့ကိစ္စကို အရမ်းမြန်မြန်ဆန်ဆန်လုပ်လိုက်ရတာမလို့ ကြိုပြောချိန်မရလိုက်ဘူးဖြစ်သွားခဲ့တာ။ အဲ့ဒီအကျိုးဆက်အနေနဲ့ ကိုကိုသူ့ကို စိတ်ဆိုးသွားတာပါပဲ။
ပြောရရင် မနေ့ညကတည်းကပေါ့။ ကိုကို သူ့ကိုစကားပြန်မပြော၊ အဖက်မလုပ်တော့တာ.. အခုဆို သူ့ဖုန်းကိုလည်းမကိုင်တော့သလို သူ့စာတွေကိုလည်းဝင်တောင်မဖတ်တော့ဘူး။
အကြာကြီးနေမှ ကိုကိုစိတ်ဆိုးတာကိုကြုံရလို့ ယူဂျင်းအခု တော်တော်လေးကို နေရထိုင်ရခက်နေတယ်။
ဘယ်လိုလုပ်ရမလဲ
ဂျီအုံးဟျောင်းကိုဖုန်းဆက်ပြီး
ကိုကို့အခြေအနေဘယ်လိုရှိလဲလို့မေးကြည့်...