ယန်မေလီ ဧည့်ခန်းထဲမှာထိုင်နေတုန်း မောင်က အခန်းထဲကပြန်ထွက်လာတယ်အခန်းရှင်းတဲ့အချိန်ကလွဲလို့ ဘယ်သူ့ကိုမှအထဲပေးတဲ့မောင်က အပြင်ကကောင်လေးတစ်ယောက်ကို အခန်းထဲမှာထားခဲ့သည်တဲ့လား
"မောင် ဒါဘယ်လဲ"
"..........."
"မောင် !ဖြေလေ "
"ငါရုံးမှာအလုပ်ရှိသေးတယ် မင်းနဲ့အချိန်ကုန်ခံပြီးစကားမပြောနိုင်ဘူးယန်မေလီ ပြီးတော့ငါ့ကိုမောင်လို့မခေါ်နဲ့ အရင်တုန်းကလို ရှောင်ကျန့် မဟုတ်လည်း သခင်ကြီးလို့ခေါ်နိုင်တယ် မြို့အုပ်လည်းခေါ်နိုင်တယ် မင်းနားလည်ပြီဆိုသွားပြီ "
"တောက်!"
ပြောသွားသောစကားများကြောင့် အသားများပင်တဆက်ဆက်တုန်ကာ ဖုန်းကို နှိပ်ကာ ချူးချူးဆီခေါ်လိုက်တယ်
"ချူးချူး ငါ့ကိုအခုလူတစ်ယောက်အကြောင်းစုံစမ်းပေး အကရုံကဝမ်ရိပေါ် အကြောင်းသိချင်တယ်"
ချူးချူးဆိုတာ ယန်မေလီ ရဲ့ငယ်ပေါင်းကြီးဖော်သူငယ်ချင်းပင် အခုလက်ရှိသူမရဲ့အတွင်းရေးမှူးဆိုလည်းမမှားပေ
"ရှောင်းကျန့် မင်းဟာမဟုတ်သေးဘူးနော်"
"ဘာကိုလဲ"
"မင်းကကောင်လေးအပေါ်အနိုင်ယူလွန်းတယ်မင်းမုန်းနေတာလား"
"မဟုတ်ဘူး "
"အာ့ဆိုလည်းကောင်လေးသူ့ဟာသူနေပါ့စေကွာ"
"..........."
"ရှောင်ကျန့် မင်းကိုမေးမယ် ကောင်လေးကိုချစ်နေတာလား"
"ငါ~မသိဘူး မချစ်ဘူးထင်တာပဲ"
"ဟေ မင်းဟာကလည်း "
"ငါသေချာမသိဘူး သူ့ကိုငါ့အနားမှာပဲရှိစေချင်တယ်"
"သေလိုက်ပါတော့ကွာအဲ့ဒါပဲ မင်းဘက်ကမသေချာသေးဘူးဆိုလည်း ထားပါတော့ "
ရှောင်ကျန်စိတ်ညစ်နေတာကြောင့်ဒုဗိုလ်ချုပ် ကျန်းချန်နဲ့အတူ ဘားသို့ရောက်နေခြင်း ဘားဆိုပေမယ့်လည်းနာမည်ကြီး သူငှေးများသာ လာရောက်ကြသည် အထူးအခန်းများရှိသောကြောင့် တခြားလူသိမှာမစိုးရိမ်ရပေ
YOU ARE READING
မြို့အုပ်မင်းရဲ့မူပိုင်
Fanfictionဗီလိန်မင်းသမီးနာမည်ပြန်ပြောင်းထားပါတယ် အရမ်းဖတ်ချင်တယ်ပြန်တင်ပေးဆိုတဲ့ညီမလေးကြောင့်ပြန်တင်ပေးဖြစ်တာပါ မဖတ်ရသေးရင်ဖတ်ကြည့်ပါဗျ