ဟိုနေ့ပြီးကတည်းကရှောင်းအိမ်မှာ ရိပေါ်ဟာသောင်တင်တယ် မြို့အုပ်ကအခန်းထဲကအခန်းပြင်တောင်ပေးမထွက်ပေ သို့သော် ဒီနေ့တော့ရိပေါ်အလုပ်ရှိပေသည် ပြဇာတ်ရုံမှာကရမှာဖြစ်သည်
"ဟို ~~ရှောင်းရေ"
"ဗျ"
လက်ချောင်းသွယ်သွယ်များက လက်တော့ပေါ့အလုပ်ပေးနေရှောင်းက သူ့အားမကြည့်ဘဲထူးလာသည်
"ဟိုလေ ဒီနေ့အလုပ်သွားစရာရှိတယ် ဒါမယ့် ခဏပါပဲ"
ရိပေါ်စကားအဆုံးမျက်မှောင်ကျုံ့ကာကြည့်လာသည်
"မသွားလို့မရဘူးလား "
"ဟုတ်"
"ဒါဆိုလက်ထပ်မလား"
"ဟင်"
"လက်ထပ်မယ်ပြောရင်သွားခိုင်းမယ်"
"............."
"ဖြေနော်မဟုတ်ရင်သွားရမှာမဟုတ်ဘဲနေမယ်"
"လက်ထပ်မယ်"
"ဟင်းး လိမ္မာတယ်"
ခေါင်းလေးအားပုတ်ကာ ထွေးဖက်လို့ အခန်းတံခါးအားဖွင့်ကာအောက်ထပ်ကိုဆင်းစေသည်
ဧည့်ခန်းထဲတွင် ယန်မေလီ ဆိုသောမြို့အုပ်ကတော်ကအသင့်ထိုင်နေလေသည်"မောင် ~"
"ငါပြောစရာရှိတယ်ယန်မေလီ "
"အင်းပြောလေမောင်"
"ငါတို့လက်ထပ်တော့မယ်"
"ဘာ!!!"
"မောင်ဘယ်လိုပြောလိုက်တာလည်း"
"မင်းကြားတဲ့အတိုင်းပဲ"
"လက်မထပ်ရဘူး မောင်ကဘာမဟုတ်တဲ့ အကသမားတစ်ယောကိုလက်ထပ်တော့ပြည်သူတွေပြောစရာဖြစ်လာမှာပေါ့"
"ပြည်သူတွေကိုငါကစောင့်ရှောက်တာသူတို့ကငါ့ကိုစောင့်ရှောက်တာမဟုတ်ဘူး ပြောလည်းပြောပါစေ"
"ဒီမှာ မောင့်ကိုမင်းဘာတွေနဲ့ဆွဲဆောင်လိုက်လဲဟမ်!!"
"ရုပ်လေးကသနားကမားနဲ့ အကြံပတ်စက်လှချည်လားဝမ်ရိပေါ်"
"ကျုပ်အသက်ကိုပြောရအောင် နေရာမရှောင် တွေ့ကရာအိပ်နေတာကဘယ်သူလည်း မင်းဟိုအကောင်ချန်ရင်းနဲ့တွေ့ကရာအိပ်တာကျလူမပြောဘူးတဲ့လား သိပ်ကောင်းနေတယ်ပေါ့ဟုတ်လား အဖေနဲ့သမီးလိုက်တယ် အဖေက လည်းနုနုပျိုပျိုဆို ကျား မ မရွေးကြိုက်တယ် သမီးကလည်း နေရာမရွေး လုပ်တယ် ဟင်း ဒါမျိုးကျ သိပ်ကိုဂုဏ်ရှိတယ်ထင်နေသလား!!! ယန်မေလီ မင်းလည်းလုပ်ချင်ရာလုပ်ငါကလည်းအသက်ကိုလက်ထပ်ဦးမှာ မင်းကိုသိစေချင်ရုံပဲ"
![](https://img.wattpad.com/cover/335906519-288-k89571.jpg)
YOU ARE READING
မြို့အုပ်မင်းရဲ့မူပိုင်
Fanfictionဗီလိန်မင်းသမီးနာမည်ပြန်ပြောင်းထားပါတယ် အရမ်းဖတ်ချင်တယ်ပြန်တင်ပေးဆိုတဲ့ညီမလေးကြောင့်ပြန်တင်ပေးဖြစ်တာပါ မဖတ်ရသေးရင်ဖတ်ကြည့်ပါဗျ