"ဘယ်သွားမလို့လဲ အကိုလေး "
"ဟင်း အပြင် ပြဇာတ်ရုံ "
"ဗိုလ်ချုပ်ကိုမေး..."
"ငါအလုပ်သွားမှာ လေ "
"ဒါမယ့် ..."
"ဒါမယ့်တွေဘာတွေ လုပ်မနေနဲ့လိုက်မှာလားနေခဲ့မှာလား"
"လိုက်မယ်"
"ဒါဆိုလည်း"
လမ်းအရှေ့ကိုမျက်စပစ်ကာအရှေ့ကကော့ကော့ထွက်သွားသော ဝမ်အကိုလေးနောက်အပြေးလိုက်ရသူကဇေး
ပြဇာတ်ရုံ၌
"ရိပေါ်လာပြီလားပျောက်သွားလိုက်တာ"
"ဟွန်း နေမကောင်းလို့ပါကော"
"ဪ အခုရော"
"သက်သာပါတယ် "
"ဒါဆို အကလေ့ကျင့်တော့မလား"
"အင်း ဒါနဲ့ ပြောစရာရှိလို့"
"ပြောလေ "
"ကျနော်ရှေ့လကျ အလုပ်ထွက်ချင်လို့ "
"ဘာဖြစ်လို့လဲရိပေါ် အဆင်မပြေတာရှိလို့လား ကောကိုပြော"
"မဟုတ်ပါဘူး ပြေပါတယ် ဒီတိုင်း ..."
"မပြောချင်လည်းရပါတယ် စိတ်ကြိုက်ဆုံးဖြတ်ပါ ဒါမယ့် ဒီပြဇာတ်ရုံကအမြဲဝမ်လေးအတွက်တံခါးဖွင့်ထားတယ်နော်"
"ဟုတ်ကျေးဇူးပါကော"
"ဟုတ်ပြီ လုပ်စရာရှိတာလုပ်တော့"
"ဟုတ်ကဲ့"
_____________________________________
"တောက်စ့် "
"ဒါကဘယ်လိုဖြစ်တာလည်း ယန်မေလီ "
"ဘာကိုလဲမောင်"
"မင်းမျက်စိနဲ့ သေချာကြည့်လေ"
"ဪ ဒါက အသိလေ"
"ဟား အသိက ဒီလိုဆံပင်သပ်ပေး ပါးကိုင်လိုက် လုပ်လား"
"ဘာလဲ မောင်က သဝန်တိုနေတာလား"
"ထွီးးးဆုတောင်းလေ ငါသိက္ခာတွေ ရှောင်းမျိုးရိုးသိက္ခာကျမှာစိုးလို့ပြောနေတာ မင်းဟာမင်းဆို ဘာဖြစ်ဖြစ်ဘယ်သူနဲ့အိပ်အိပ်ငါ့စောက်ကြောင်းမဟုတ်ဘူး အခုကမင်းကရှောင်းမျိုးရိုးအဖြစ်ခံယူထားလို့ပြောနေတာ ယန်မေလီ"
YOU ARE READING
မြို့အုပ်မင်းရဲ့မူပိုင်
Fanfictionဗီလိန်မင်းသမီးနာမည်ပြန်ပြောင်းထားပါတယ် အရမ်းဖတ်ချင်တယ်ပြန်တင်ပေးဆိုတဲ့ညီမလေးကြောင့်ပြန်တင်ပေးဖြစ်တာပါ မဖတ်ရသေးရင်ဖတ်ကြည့်ပါဗျ