14

2.8K 180 13
                                    

ရှောင်းကသူ့ကိုဘယ်လိုလူစားမျိုးလို့ထင်နေသနည်း

"ဖြေလေဟမ် !"

"မင်းက အဲ့လိုလား မင်းရဲ့အတတ်အစားတွေ ကနေတာတွေငါမကြိုက်ဘူး"

ပုခုံးကို အားနှင့်ဖိညစ်ကာလှုပ်ရမ်းလာသူကြောင့် နာကျင်လာသည် အသားနာတာထက်ရင်ထဲကပိုနာသည်

"ကျနော့် ဝါသနာလေ မြို့အုပ်နဲ့ဘာဆိုင်လည်း"

"မင်း !! မင်းကငါ့အပိုင်လေ တခြားသူတွေမင်းကို တပ်မက်တဲ့အကြည့်တွေနဲ့ကြည့်နေတာကို ငါက ပြုံးပြီးကြည့်နေရမှာလား"

"ဟား ဟား ရှောင်ကျန့် ခင်များကသိပ် ‌အတ္တကြီးပါလား အမျိုးသမီးရှိရက်နဲ့ ကျနော့်ကိုလည်းအပိုင်အဖြစ်သက်မှတ်ချင်တယ် ခင်များကျဖြစ်ချင်တိုင်းဖြစ်လို့ရပြီး ကျုပ်ကိုကျလာပိတ်ပင်နေရလား တရားနေလားဟမ်"

"မင်း !!!"

"ကိုယ့်အမျိုးသမီးကိုလည်းမပြတ် ကျနော့်ကိုလည်းလိုချင်နေသေးတယ် ခင်များက တော်တော်လောဘကြီးတာပဲ "

"ကျ‌နော်ကလည်း ကိုယ့်ဝါသနာကိုလာပိတ်တာလက်မခံနိုင်ဘူးကိုယ့်စိတ်နဲ့ကိုယ်ဘဲ ဖယ်ပေး"

"ဝမ် !ရိ!ပေါ် ငါ့စိတ်ကိုလာစွနေတာပဲ "

"မင်းလာခဲ့လာ "

"ခင်များ မြို့အုပ် လွတ်ပေး "

"အာ့ !!"

အားနဲ့ဆွဲခေါ်မှုကြောင့် ခြေထောက်က ဒဏ်ရာကိုထိမိတာကြောင့်အသည်းခိုက်မတတ်နာကျင်ရသည်

"လွတ် !! လွတ်ပေး "

"မင်းကငါ့အပိုင် ကျုပ်တစ်ယောက်တည်းရဲ့အပိုင် ပြန်ပြောနောက် အဲ့လိုဝတ်ဦးမလား"

"ဝတ်မှာ ခင်များအမိန့်ပေးစရာမလိုဘူး "

"ရတယ်လေ "

ခါးကြားထဲက ခါးပတ်ကိုဆွဲထုတ်ကာဆိုလာသော မြို့အုပ်က တကယ်ပင်ဒေါသထွက်နေပုံ

"ဘာ~~ ဘာလုပ် အာ့ ဟ့ "

ရွန်းးးးရွန်းးး

ခါးပတ်ဖြင့် နှစ်ချက်ဆင့်ရိုက်လိုက်တာကြောင့် သေမတတ်နာကျင်ရသည်

မြို့အုပ်မင်းရဲ့မူပိုင်Where stories live. Discover now