ရှောင်ကျန့် ဒေါသတွေအထွတ်ထိတ်ရောက်ရပါတယ် အသက်ကိုစိုးရိမ် နေခဲ့ပေမယ့် မြင်လိုက်ရတဲ့မြင်ကွင်းကိုလည်းသူလက်မခံနိုင်ပြန် ရှောင်ကျန့်ဟာအတ္တသမားဖြစ်တယ် သူ့အပိုင်လို့သက်မှတ်ထားသူကို တခြားသူယူမှာ မလိုလားပေ မျက်လုံးနဲ့ကြည့်တာကိုတောင်မကြိုက် ထို့ပြင်အသက်ကပါမုန်းတဲ့စကားဆိုလာပြန်တော့ဒေါသထွက်လွန်းလို့ အသက်နားမှာ သူမနေ နောက်မို့ဆိုအသက်ကို တစ်ခုခုလုပ်မိပေလိမ့်မည် စာကြည့်ခန်းတွင်စိတ်ငြိမ်စေရန် အနားပေးမိသည် ခုံပေါ်မှာ ဆေးလိပ်တစ်လိပ်ယူကာ ဖွာနေလိုက်တယ်
စိတ်ကြည်လင်လာမှ အသက်ကိုသွားကြည့်ဖို့ဆုံးဖြတ်သည်အခန်းထဲဝင်လာတော့ အိပ်ယာပေါ်မှာကွေးကွေးလေးအိပ်စက်နေသူ ဒါနဲ့အဝတ်စားမလဲပဲအိပ်နေတာလား အအေးပတ်တော့မှာပဲ
"ဟူးးး"
စောင်ပုံထဲမြုပ်နေသူလေးကိုကြည့်ကာ သက်ပြင်းချမိတယ် သူလွန်သွားသည်မလား အသက်စိတ်ဆိုးနေရော့မည်
"အသက် "
"အသက် ထပါဦး အင်္ကျီလဲရအောင် ဖျားတော့ မှာပဲ"
ခေါ်နေတာတောင် တုတ်တုတ်မျှမလှုပ်တာကြောင့်ရှောင်ကျန့်မွေ့ယာပေါ်ထိုင်ကာလှုပ်နိုးမိတယ်
"အသက် အသက် ကြည့်ပါဦး ထဦးလို့အသက်ငယ် "
"ဟာကွာ ကျစ်"
ပါးလေးအားပုတ်လိုက်သည်နဲ့အေးစက်မှုကိုရရှိသည် မဟုတ်ဘူး အသက်ရဲ့တစ်ကိုယ်လုံးက အေးစက်နေတာ
"ရှာင်းချန် အခုချက်ချင်းအိမ်တော်ကိုလာခဲ့ပေး"
(အရှေ့ခန်းမှာပါတယ်နော်မေ့နေမှာစိုးလို့ဆရာဝန်လေးလေ )
အေးစက်နေသောအသက်ကိုယ်လေးကို ရင်ခွင်ထဲထည့်ဖက်ထားလိုက်သည်
ခဏအကြာရှင်းချန်ရောက်လာပြီးစစ်ဆေးပေးတယ်
"မင်း! မြို့အုပ် သူ့က ဆေးမိထားတာ"
"ဘာ"
"ဟုတ်တယ် သူဆေးမိထားတာအရမ်းပြင်းတယ် ဒါကို ဆေးမိပြီး အာသာမဖြေတဲ့အခါ အဆိပ်လိုဖြစ်လာတာ ပင်ပန်းလာမယ် မောလာမယ် ခေါင်းတွေကိုက်လာမယ်ပေါ့ "
YOU ARE READING
မြို့အုပ်မင်းရဲ့မူပိုင်
Fanfictionဗီလိန်မင်းသမီးနာမည်ပြန်ပြောင်းထားပါတယ် အရမ်းဖတ်ချင်တယ်ပြန်တင်ပေးဆိုတဲ့ညီမလေးကြောင့်ပြန်တင်ပေးဖြစ်တာပါ မဖတ်ရသေးရင်ဖတ်ကြည့်ပါဗျ