နွေးထွေးတယ် သူအခုအရမ်းနွေးထွေးပြီးနေလို့ကောင်းတယ် အမြဲရနေရင်းနီးတဲ့ရနံ့လေးလည်းရနေတယ် ဖြေးညင်းစွာ မျက်လုံးများဖွင့်ကြည့်မိလေတော့
"ရှောင်း ""
ချက်ချင်းပါးစပ်ကိုအုပ်ကာ သူ့ရှေ့ကအိပ်နေသူကိုကြည့်မိတယ် ချောတယ် တည်ကြည်တယ် ခန့်ညားတယ် ပြီးပြည်စုံတယ် သူ့ရဲ့ရှောင်း ချစ်တယ် ဆိုတာထက် ပိုချစ်ပြီး မြတ်နိုးရတယ် ဘယ်လောက်ပဲ မြင်ဖူးနေပါစေ ဘယ်တော့မှမရိုးသွားမယ့် မျက်နှာမျိုး။ရှောင်းရဲ့လုပ်ရက်တွေကိုမကြိုက်ပေမယ့် ရှောင်းကိုတော့သေလောက်အောင်ချစ်တယ်
"အသက် !"
"အင်းး"
နိုးလာတော့လည်းသူ့ကိုအရင်ခေါ်လာတဲ့ချစ်ရသူ ရှောင်းဆိုတာ စိတ်တိုလွယ်ပြီးလုပ်ချင်ရာလုပ်တက်ပေမယ့်သူ့ကိုတော့တကယ်ချစ်ပါသည်ဒါကြောင့်ပြန်ချစ်ပေးမည် ရှောင်းဆိုသူအနားကထွက်သွားလို့မပြောသရွေ့ ဆက်ချစ်နေမည်
"ရှောင်း ~~~~"
ခပ်အပ်အပ်အသံနဲ့လေးပင်စွာခေါ်လာပြီး ရင်ခွင်ထဲအတင်းတိုးဝင်ကာချွဲနေသည်က အချစ်ပိုရ၏
"ခေါင်းကိုက်နေသေးလားအသက်ငယ်"
"ဟင့်အင်း"
"ဟော ဘာလဲ ကျုပ်ရင်ခွင်ကကောင်းလို့လား ကလေးလိုအတင်းတိုးဝင်နေတာ"
"အင်း နွေးတယ် ပြီးတော့မွှေးတယ် "
"ဟားဟား "
"ချစ်တယ် ရှောင်း အရမ်းချစ်တာမို့တစ်ခါတစ်လေ အသိစိတ်လွတ်ပြီးပြောချင်ရာပြောတာကိုစိတ်မဆိုးပါနဲ့နော် "
"အသက်ရယ် "
"ဟင့် ရှောင်း က ကျနော့်ကြောင့်ထိခိုက်သွားတာမလား ဒီလက်လေးလေ ပျောက်အောင် အာဘွားပေးမယ်"
"မွမွ ဒဏ်ရာလေးမြန်မြန်ကျက်ပါနော်မြန်မြန်ပျောက်မှငါ့ရဲ့ရှောင်းက အလုပ်တွေအားကြီးလုပ်ပြီးငါ့ကိုရှာကျွေးနိုင်မှာ မွ ရွတ် !"
"အား ကျုပ် ကိုသေအောင်သတ်နေတာလား ချစ်လိုက်ရတာဗျာ "
"ဟွန့် "
YOU ARE READING
မြို့အုပ်မင်းရဲ့မူပိုင်
Fanfictionဗီလိန်မင်းသမီးနာမည်ပြန်ပြောင်းထားပါတယ် အရမ်းဖတ်ချင်တယ်ပြန်တင်ပေးဆိုတဲ့ညီမလေးကြောင့်ပြန်တင်ပေးဖြစ်တာပါ မဖတ်ရသေးရင်ဖတ်ကြည့်ပါဗျ