"ကျုပ်ဒီမှာကြာဦးမှာမို့ အသက်က အရင်ပြန်နှင့်နော်"
"အွန်းးး "
"စောစောတော့ပြန်လာနော်အရမ်းနောက်မကျပါနဲ့"
"ဟုတ်ပါပြီ "
ဆံသားနွယ်နွယ်တို့ကိုထိုးဖွလာသော ရှောင်းအပြုအမူကိုသိပ်နှစ်သက်သည် နွေးထွေးတယ်
"ဇေး အသက်ကိုပြန်လိုက်ပို့ပြီး မင်းပြန်လာခဲ့ "
"ကောင်းပါပြီ"
"အသက်ကနေရဲတယ်မလား"
"အွန်းးး"
အနမ်းပေးကာ အသက်အားဇေးနဲ့အတူပြန်စေတယ်သူလုပ်စရာရှိသေးသည်မလား အသက်ရဲ့ကားလေးထွက်သွားမှ မြို့အုပ်က VIP roomထဲကို ဦးတည်တယ်
"စောင့်နေတာကြာပြီလား"
"သိပ်မကြာသေစပါဘူး မင်းဘာလို့ငါ့ကိုတွေ့ချင်တာလည်းရှောင်ကျန့် "
"အကြောင်းရှိလို့ပါ ပြီးတော့ ယန်မေလီ သူမကိုလည်းဖိတ်ထားတယ် ဒါမယ့်သူမကနောက်ကျမယ့်ပုံပဲ"
တွေးဆဆနဲ့ အရှေ့မှာဝင်ထိုင်ကာပြောလာသူ သူ့သမီးကိုခေါ်ထားကြောင်းပြောလာသေးသည် အရင်ကခေါ်ရင်တောင် မလာတဲ့သူက အခုတော့ လိုလိုလားလားဖိတ်လာသည်တဲ့ ဘာအကြောင်းများသိထားပါလိမ့် ဗိုလ်ချုပ်မှူးယန် နည်းနည်းတော့ထိတ်မိသား
စာပွဲလယ်မှာထားသော ဆေးလိပ်ခွက်ထဲမှာဆေးလိပ်အားယူကာမီးညိပြီး ဖွာနေလိုက်တယ်
အင်းးးအခု ဆေးလိပ်ကသိပ်အရသာရှိတာပဲ"ပြောချင်တာကတော့ထွေထွေထူးထူးရယ်လို့မဟုတ်ပါဘူး အခုဆို ကျုပ်မိဘတွေမရှိတော့ဘူး ဂတိတွေ ဘာတွေညာတွလည်းမလိုအပ်တော့ဘူးမဟုတ်လား ကျုပ်ကလွတ်လပ်ပြီ"
"မင်းဘာကိုပြောချင်တာလဲ"
"ယန်မေလီ နဲ့ကွာရှင်းမယ် ပြီးတော့ဘခင်များလုပ်ရပ်တွေကိုသက်သေနဲ့အတူရထားပြီ အဲ့တော့ ...."
"မင်းကငါ့သမီး ကိုကွာမယ်ပြောရအောင်ငါ့သမီးကဘာဖြစ်နေလို့လဲ မင်းကိုတောင်ငါ့သမီးက ပြန်ကွာရမှာ "
"ခင်များသမီး က အပြင်မှာဖာဆန်နေတာသိလား "
"မင်းကများ..!!"
YOU ARE READING
မြို့အုပ်မင်းရဲ့မူပိုင်
Fanfictionဗီလိန်မင်းသမီးနာမည်ပြန်ပြောင်းထားပါတယ် အရမ်းဖတ်ချင်တယ်ပြန်တင်ပေးဆိုတဲ့ညီမလေးကြောင့်ပြန်တင်ပေးဖြစ်တာပါ မဖတ်ရသေးရင်ဖတ်ကြည့်ပါဗျ