"ရိပေါ် အရှေ့မှာ ဇေးဆိုတဲ့ သူရောက်နေတယ်"
"ကျေးဇူးပြုပြီးကျွန်တော်မရှိဘူးပြောပေးပါ "
"ဘာဖြစ်လို့လဲဟ "
"လုပ်ပါဟောက်ရွမ်းကောရာ"
"အေးပါကွာ ပြီးရော"
ရိပေါ်တစ်ယောက် မြို့အုပ်မင်း သူ့ကိုဖွင့်ပြောထားကတည်းက ရှောင်နေခဲ့ခြင်းဖြစ်သည်
မြို့အုပ်မင်းကို တွေ့ဖို့အားမရှိသလို တောင်းထားတဲ့အရာကိုလည်း မစဉ်းစားချင် မြို့အုပ်လို ချမ်းသာပြီး အာဏာရှိသူတွေအတွက် ကိုယ်ကြိုက်ရာကိုတော်ကောက်ခွင့်ရှိလို့ မြို့အုပ်မင်းအနေနဲ့ဒီကိစ္စမျိုးဟာမဆန်းပေမယ့် ရိပေါ်အတွက်တော့ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နှင့်မပတ်သတ်ချင် ငြင်းဆန်မရတဲ့ အရာမို့သာသည်းခံနေရင်းတဖြည်းဖြည်းနစ်ဝင်လာတဲ့တားဆီးမရတဲ့ ကိုယ့်စိတ်ကိုယ်လည်း
မထိန်းနိုင် မြို့အုပ်မင်းရဲ့ အပြုအမူကြားမှာ နစ်မျောနစ်မျောရင်းသူဟာ မြို့အုပ်မင်းအပေါ်......" ဝမ်.ရိ.ပေါ်!"
အိမ်ပြန်လမ်းမှာ သူ့နာမည်ကိုတစ်လုံးချင်းခေါ်လာသည့် လုဝေ မူးနေပုံရသည့်မို့ ဘာတွေစကားနာထိုးပြီး ရန်စဦးမလဲ ရိပေါ်တွေးမိတယ်
အဘမင်ရဲ့ တူဖြစ်ပြီးမိဘအားကိုးနှင့်မိုက်နေသောသူလည်းဖြစ်သည် အနိုင်ကျင့်ခံရျာဟာရိုးနေပြီမို့ ကိုယ့်လမ်းသာကိုယ်ဆက်လျှောက် လိုက်တယ်"ငါခေါ်နေတာမကြားတာလား"
"............"
"မင်း မြို့အုပ်နားကပ်နေတယ်ဆို တန်ရာတန်ရာမမှန်းဘူးနော် အေ့ "
"လုဝေ မူးနေလည်းပြန်တော့"
"မပြန်ဘူး ခင်များကိုပြောရမှကျေနပ်မှာ "
"........"
"အနေတာလား"
"မင်း !!"
"မူးနေလည်းပြန်လိုက်ပါတော့"
"ဘာလား မျက်နှာကလည်း ဘယ်လိုဖြစ်တာလည်း တင်းမာနေလိုက်တာ အေ့ ..ဘာလဲ မြို့အုပ်မင်းနြော်ခံနဲ့ပြန်အာခံမလို့လား"
"မင်းအရမ်းလွန်နေပြီနော်လုဝေ "
"လွန်တော့ဘာဖြစ်လဲ အေ့~ ကွာ"
YOU ARE READING
မြို့အုပ်မင်းရဲ့မူပိုင်
Fanfictionဗီလိန်မင်းသမီးနာမည်ပြန်ပြောင်းထားပါတယ် အရမ်းဖတ်ချင်တယ်ပြန်တင်ပေးဆိုတဲ့ညီမလေးကြောင့်ပြန်တင်ပေးဖြစ်တာပါ မဖတ်ရသေးရင်ဖတ်ကြည့်ပါဗျ