"အသက် ....အသက်ရေ ကျုပ်ပြန်လာပြီ "
"ဒီကလေးဘယ်ရောက်နေပါလိမ့် ငါ့ကိုတောင် ထွက်မကြိုနိုင်လောက်အောင် "
ထိုအချိန် ရေချိုးခန်းထဲက အသံကြားတာကြောင့် ဆိုဖာမှာထိုင်ကာစောင့်နေလိုက်သည်
ခဏနေတော့ရေစိုလက်စနဲ့ထွက်လာတဲ့သူ့အသက် ဘာလို့လည်ပင်းကိုအဲ့လောက်ဟိုက်ထားရတာလည်း"ရှောင်း ပြန်ရောက်နေကြာပြီလား"
"အခုတင်ပါ အသက် လာပါဦးအမောပြေလေးရဲ့"
"အွန်း လာလာ ငါ့ရှောင်းလေးပင်ပန်းရောပေါ့ လာဒီလူရဲ့ရင်ခွင်မှာခိုနားလှည့်"
"အင်း စကားတွေတက်နေတာပဲ"
ဆိုကာ ရင်ခွင်ထဲ ပစ်ဝင်လာတဲ့ သူ့ရဲ့ရှောင်းက အရပ်ကြီးမှအားမနာ ကုန်းကုန်းကွကွ
"ဘယ်လိုဖြစ်တာတုန်းတော်တော်ပင်ပန်းခဲ့တာလား"
"အွန်းတော်တော်ပင်ပန်းခဲ့တာ"
"............."
"အသက်ရဲ့ကိုယ်သင်းနံ့လေးကိုရူရှိုက်မှ ပင်ပန်းတာတွေပျောက်တာ"
"သွားအပိုပါ"
"ရင်ထဲကလာတဲ့စကားကိုအပိုလို့ဆိုရက်လေသလား"
"ဟာဗျာ"
"ဟာဗျာ မဟုတ်ဘူးချစ်တာပါ"
"ရှောင်း"
"ဗျာ~~~"
"မနက်ဖြန့် တွေ့ဆုံပွဲက ပြဇာတ်ရုံမှာဆို"
"အွန်းဟုတ်တယ် အသက်ကဘယ်လိုသိတာလည်း"
"မနက်ဖြန် အဲ့မှာဖျော်ဖြေရမှာ"
"အော်"
ရှောင်ကျန့်ဟာ ရိပေါ်စကားကြောင့်ခဏတာတိတ်ဆိတ်သွားပြီး တစ်ခုခုကိုတွေးတောနေဟန်
ရိပေါ်ရဲ့ခေါ်သံကိုပင်မကြားနိုင်ရအောင်ဘာတွေများစဉ်းစားနေသနည်း
YOU ARE READING
မြို့အုပ်မင်းရဲ့မူပိုင်
Fanfictionဗီလိန်မင်းသမီးနာမည်ပြန်ပြောင်းထားပါတယ် အရမ်းဖတ်ချင်တယ်ပြန်တင်ပေးဆိုတဲ့ညီမလေးကြောင့်ပြန်တင်ပေးဖြစ်တာပါ မဖတ်ရသေးရင်ဖတ်ကြည့်ပါဗျ