"ဘာစောက်ဆင့်ရှိလို့လက်တောင်ကိုင်ရဲရတာလည်း"
ရိပေါ် အသံလာရာကြည့်လိုက်တော့ မြို့အုပ်မင်းဖြစ်နေတယ် ဒါက ဘယ်လိုအခြေနေကြီးလဲ မင်းသမီးဒုက္ခရောက်နေတာကိုမင်းသားလာကယ်သလိုမျိုး ပဲ
"လာခဲ့"
"မြို့~ မြို့အုပ်"
"မင်းရဲ့အလုပ်ကဒါလား"
"........"
မြို့အုပ်ကသူ့ကိုဘယ်လိုလူစားလို့ထင်နေတာလဲ မသိ
"မြို့အုပ်မင်းအထင်လွဲနေပုံပဲ"
"ကျုပ်မျက်စိနဲ့သေချာမြင်တာလေ"
"ဇေးသူတို့နှစ်ယောက်ကို အချုပ်ထဲထည့်ထားလိုက်"
ခေါင်းညိတ်အရိုသေပေးကာနောက်လိုက်တစ်ချို့နဲ့ ထွက်သွားသောဇေး
"ယွီပင်းအိမ်တော်ကိုမောင်း"
"ကျွန်တော်မအားဘူး "
"ကျုပ်နဲ့အိမ်လိုက်ခဲ့"
"အိမ်ပဲပြန်မှာ"
"မင်း ဝမ်ရိပေါ် "
"ဘာ ~ဘာလုပ်တာလည်းချပေး"
လူကိုအတင်းပွေ့ကာ ချီလိုက်တော့ လန့်မိသွားသည် ဒီမြို့အုပ်က အတင့်ရဲလွန်းတာပဲ
" ဘာကိုချပေးရမှာလဲ"
"ကျွန်တော့ကိုချပေးပါ မြို့အုပ်"
"အိမ်တော်ရောက်မှချပေးမယ် အခုတော့ကားထဲဝင်"
ထိုသို့ဆိုကာ ကားထဲ ပစ်ထည့်ကာ အိမ်တော်သို့မောင်းစေသည်
"ရောက်ပါပြီ မြို့အုပ်"
"ကောင်းပြီ မင်းအေးဆေးနေ ဒါကငါ့အိမ်တော် အေးဆေးမနေရင်ငါ့အဆိုးမဆိုနဲ့"
"ခင်များ!!"
"မင်းထက်အသက်ကြီးတယ်မရိုမသေမလုပ်နဲ့"
"မြို့အုပ်မင်း အိမ်ပြန်ပါရစေ "
"နောက်ကျ လိုက်ပို့ပေးမယ်"
မိုးကလည်းချုပ်နေပြီမို့ဆက်မငြင်းတော့ပဲ မြို့အုပ်ခေါ်ရာနောက်သာလိုက်ခဲ့တော့သည်
မြို့အုပ်အိမ်က ထင်ထားတာထက် ပိုခမ်းနားတာပဲ
YOU ARE READING
မြို့အုပ်မင်းရဲ့မူပိုင်
Fanfictionဗီလိန်မင်းသမီးနာမည်ပြန်ပြောင်းထားပါတယ် အရမ်းဖတ်ချင်တယ်ပြန်တင်ပေးဆိုတဲ့ညီမလေးကြောင့်ပြန်တင်ပေးဖြစ်တာပါ မဖတ်ရသေးရင်ဖတ်ကြည့်ပါဗျ