28

2.5K 146 14
                                    

ရှီလင်မြို့သားတွေသိပ်ကိုပျော်ရွှင်နေကြတယ်ပျော်ရွှင်မှုကိုအသိမှတ်ပြုလို့ပျော်ပွဲရွှင်ပွဲတွေလုပ်နေကြတယ် ပျော်ရွှင်စရာအကြောင်းရာကားဆင်းရဲချို့တဲ့တဲ့ကလေးသူငယ်များအတွက်စာသင်ကျောင်းလေးဆောက်လုပ်ပေးသည့်အပြင် ကျောင်းအတွက်လိုအပ်တာမှန်သမျှကို လှူလို့ပင်ဖြစ်သည် အစားအစာတွေဝေတယ်အဝတ်အစားတွေဝေတယ် အို မြို့လေးဟာ သိပ်စည်ကားနေတယ် မြို့အုပ်မင်းကို ဆုတောင်းမေတ္တာချွေလို့ မြို့အုပ်ရဲ့ ကြင်သူ အမျိုးသားလကိုပါသိပ်ချစ်သွားကြတယ် ဘာလို့ဆို သူလေးကြောင့်ပဲမဟုတ်ပေလား

" ခစ် ခစ် "

"ဟားဟားးးးးး"

ပြန့်လွင့်နေတဲ့အသံလေးနှစ်ခု

"သားသားက ဒါလေးကြိုက်တာလား "

"ဟုတ် "

"ဟုတ်ပြီ နော် ကိုကို လုပ်ပေးမယ် "

"ခစ် ခစ် ကိုကို ချောက သဘောကောင်းလိုက်တာ "

"ဟုတ်လား ကိုကိုချောချောပေါ့ "

"အွန်း ကိုကိုက ချောရယ်"

"မွ ဟုတ်ပါပြီ "

ခေါင်းလေးအားပုတ်ပေးကာ လက်ထဲကို မုန့်ထုတ်လေးထည့်ပေးတော့ အချိုသာဆုံးပြုံးပြကာ ပြေးထွက်သွားတယ့် ကလေးလေး သူလည်း ကလေးလေး လိုချင်လိုက်တာ ဆန်အိတ်တွေဝေနေတဲ့ ရှောင်းဆီ လှမ်းကြည့်မိတော့ အလုပ်ထဲအာရုံစိုက်နေလေရဲ့ ရှောင်းကရော ကလေးလေးလိုချင်နေမလားရှောင်းမျိုးဆက်ကလေး ကို သူသိပ်လိုချင်တယ် ရှောင်းအတွက်မွေးပေးချင်တယ် အိမ်ရဲ့ ဆည်းလည်း လေး ကို သူတို့အတူပျိုးထောင်ချင်တယ် တီတီတာတာလေးတွေကိုမပီကလာလေးပြောမယ့် ပိစိ လေးကို သူသိပ်လိုချင်တယ် ရှောင်းအတွက်မွေးပေးချင်တယ်ဒါမယ့် ................................................................ရိပေါ်ဟာ ယောကျာ်းလေး .

"ရှောင်း အိမ်သူလေး ဘာတွေတွေးနေတာလဲ"

"ဟင့်အင်း "

"မျက်နှာလည်းမကောင်းပါလား ဘာဖြစ်လို့လဲနေလို့မ‌ကောသ်းဘူးလား "

"မဟုတ်ပါဘူး ရှောင်း "

"မပျော်လို့လား "

"ပျော်တယ် သိပ်ပျော်ပါတယ်ရှောင်းနဲ့အတူတူအလှူကြီးပေးရတာသိပ်ပျော်တယ်"

မြို့အုပ်မင်းရဲ့မူပိုင်Where stories live. Discover now