ဝင့်လွှာမှုံ ဆီက မေရဲ့ အကြောင်း ကြားပြီးတဲ့နောက် အမြဲလိုလို ခေါင်းထဲ မေ့အကြောင်း တွေရောက်ရောက်လာတတ်သည်။မေ့အပေါ် ပို၍ ကရုဏာသက်လာမိသည်။ကျောင်းဖွင့်တဲ့အခါ ပို၍ နှစ်သိမ့်ပေးရမည်ဟုလည်း တွေးမိသည်။
"သက်လျာ နောက်လဆို ကျောင်းတောင်ပြန်ဖွင့်ပြန်ပြီနော်။ကျောင်းပိတ်ရက်ဆိုတာကလည်း ဟယ် မျောက် သစ်ကိုင်းကူးသလိုပဲ။အချိန်ကုန်တာ မြန်လိုက်တာ။ အောင်စာရင်းထွက်တာမှ မကြာသေးဘူး။ကျောင်းက ပြန်ဖွင့်ပြန်ပြီ"
" အချိန်တွေကုန်တာ မြန်တော့ မကောင်းဘူးလား။မြန်မြန်ကျောင်းတက်။မြန်မြန်ကျောင်းပြီး။မြန်မြန် ဘွဲ့ရ။ မြန်မြန် အလုပ်ခွင်ဝင်။ကိုယ့်ခြေထောက်ပေါ်ကိုယ် မြန်မြန်ရပ်တည်နိုင်တာပေါ့''
"မကောင်းပါဘူး။ ထိုင်နေတာက အကောင်းထသွားမှ ကျိုးမှန်းသိ ဆိုတဲ့အတိုင်း မိဘလုပ်စား ထိုင်စားနေတုန်းက လေလုံးကြီးပြီး ငြိမ့်နေခဲ့သမျှ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတဲ့ အချိန်မှ ငါ့ နှစ်ပြားမတန်တဲ့ အရည်အချင်းတွေနဲ့ ခွက် လက်စွဲနေရ ပါဦးမယ်။မိဘလုပ်စာ ထိုင်စားလို့ မဝသေးပါဘူး"
"တော်တော် မွေးရကျိုးနပ်တဲ့ သမီး။ မင်းအမေကို ပြန်တိုင်လိုက် မှ အိမ်ကနေ ခေါင်းနဲ့ ဆင်းနေရမယ်"
"ငါအိမ်က တကယ်ဆင်းရရင်တော့ မင်းအိမ်ပေါ်တက်လာနေမှာပေါ့....ဟား...ဟား "
ဒီပြောမနာဆိုမနာ လေးနဲ့တော့ ဆက်ပြောနေရင် ဧရာဝတီမြစ်ထက် တောင် စကားကြောရှည်နေမှာကို ကြိုသိတာကြောင့် ဘာမှပြန်မပြောဘဲ ခေါင်းကိုတာ အသာရမ်းလိုက် သည်။
အချိန်တွေက ဒုတိယနှစ်ကိုတောင် ရောက်လာခဲ့ပြီဆိုပေမဲ့ ဒီ ကျောင်းတော်ရဲ့ဒီလေထုတွေက လတ်ဆတ်နေဆဲ။ပထမဆုံး ကျောင်းဖွင့်တဲ့ရက် မှာ တစ်စုံတစ်ရာကို ကိုယ့်မသိစိတ်ကကော သိစိတ်ကပါ ရှာနေမိသည်။ဒါပေမဲ့ ဒီနေ့တစ်နေ့လုံး မတွေ့မိပါ။
"သက်လျာ မေကို ရှာနေတာလား"
"ဟုတ်တယ်။ သူ့ကို ဒီနေ့ မတွေ့မိသလိုပဲ "
YOU ARE READING
မေ့သက်လျာ
Teen Fictionဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။