"မမလေး .. မမလေးနဲ့ တွေ့ချင်လို့ပါတဲ့ ''
"ဒီနေ့ အချိန်ဇယား မရှိဘူးမလား"
"မြေကိစ္စ လို့ ပြော....."
"ဪ..သိပြီ။လွှတ်ခဲ့လိုက်"
"ထိုင်ပါ"
"ကျွန်တော်က MAY လုပ်ငန်းစုရဲ့ ရှေ့နေ့ ဦးတင့်ထူးပါ။ ဒီဘက်က ကျွန်တော့် အမှုသည် ရဲ့ မြေကိစ္စမှာ ကန့်ကွက်စာတင်ထားတဲ့အတွက် ရောက်လာရတာ ပါ "
"ကျွန်မရဲ့ ရှေ့နေနဲ့ ပဲ ပြောလိုက်ပါ"
"ကျွန်တော် ဒီဘက်က ရှေ့နေနဲ့လဲ တွေ့ပြီးပါပြီ။အမှု မဆိုင်ခင် ဒီဘက်က တရားလိုနဲ့ အရင်ဆွေးနွေးမှုလေး လုပ်ချင်လို့ပါ"
"......."
" ဒါက MAY လုပ်ငန်းစုထဲက အမွေဆိုင် ဖြစ်တဲ့ မြေဂရမ်ပါ။ကျွန်တော့် အမှုသည် ရဲ့ မိဘနှစ်ပါးလုံး မဆုံးခင် တစ်နှစ်လောက်မှာ လွှဲပြောင်းခဲ့တဲ့မှတ်တမ်းစာပါ"
"ဒီတော့...."
"ကျွန်တော့် အမှုသည် က တရားဝင် ပိုင်ဆိုင်ထားကြောင်းကို ဆိုလိုပါတယ်။ ဒါပေမဲ့ ဒီဘက်ကလည်း တရားဝင် ပိုင်ဆိုင်ထားတယ်လို့ ဆိုလာတော့ ကျွန်တော် သိချင်တာက ဒီမြေကို ဘယ်လို ပိုင်ဆိုင်ခဲ့တယ်နဲ့ ကျွန်တော့် အမှုသည် ရဲ့ မိဘနှစ်ပါးက ရောင်းချခဲ့ခြင်း လွှဲပြောင်းခဲ့ခြင်း တစ်စုံတစ်ရာ ပြုလုပ်ခဲ့တာလားဆိုတာကိုပါ။ ပြီးတော့ ဒီဘက် တရားလိုရဲ့ မြေဂရမ်ကိုလည်း ကျွန်တော်အနေနဲ့ တစ်ချက်လောက် ကြည့်ခွင့်ပြုပါ"
" ကျွန်မဘက်က ခွင့်မပြုဘူးဆိုရင် ရော"
"တရားလိုရဲ့ သဘောပါပဲ။ကျွန်တော့် အနေနဲ့ က ဆွေးနွေးချင်ရုံပါပဲ "
" ကျွန်မမှာ အကျင့်လေးတစ်ခုရှိတယ်။အဲ့ဒါက ကျွန်မကြိုက်တဲ့ ပစ္စည်းတွေကို ဘယ်သူမှ မမြင်နိုင် မထိနိုင်တဲ့နေရာမှာ သိမ်းထားချင်တဲ့အကျင့်။ဒါပေမဲ့ အရမ်းစိတ်ပျက် မသွားပါနဲ့ဦး။ကျွန်မပေးကြည့်ချင်တဲ့ လူတွေအတွက်တော့ ချွင်းချက် ရှိပါသေးတယ်"
............
" ဦးတင့်ထူး ပြောပုံအရ သူက မင်းနဲ့ တိုက်ရိုက် တွေ့ချင်နေတယ်"
YOU ARE READING
မေ့သက်လျာ
Novela Juvenilဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။