မေ သက်လျာကို သူ၏ အနားတွင် ထားချင်သောကြောင့် အစ်မဖီနိုနှင့် သက်လျာတို့ကို သူ့ရုံးခန်းရှေ့တွင် ပြောင်းခိုင်းလိုက်ခြင်းဖြစ်သည်။အလုပ်ကိစ္စ လွှဲလျှင် သူ့အခန်းက လုံး၀မထွက်တတ်သည့် CEO သည် အခုတော့ အကြောင်းအရင်း မရှိ အခန်းပြင်သို့ ထွက်ထွက်လာတတ်သည်။
"ဟေ့..ဟေ့"
"ဘာလဲ "
" ငါပြောတယ်မလား။CEO က အခုတလော ထူးဆန်းနေတယ်လို့။ အခုတလော ခဏခဏ အပြင်ထွက်လာနေတယ်"
" အဲ့ဒါတော့ ဟုတ်တယ်။ CEO က အရင်ကဆို ကုမ္ပဏီကို ရောက်တာနဲ့ သူ့အခန်းထဲဝင်သွားပြီး တစ်နေ့လုံး အလုပ်ကိစ္စကလွှဲရင်အပြင်ထွက်တာမဟုတ်ဘူး"
"ငါတော့သူ အပြင်ထွက်လာပြီဆို အလိုလိုကျောချမ်းလာတယ်"
"ဘာလို့လဲ "
" မသိဘူးဟ။ ငါကြောက်တယ်။ မျက်နှာက ခပ်တင်းတင်းနဲ့"
"အပိုတွေ လုပ်မနေနဲ့။ သူရယ်တာမင်းဘယ်တုန်းက မြင်ဖူးလို့လဲ"
" အဲ့ဒါတော့ ဟုတ်တယ်လေ"
"စကားများမနေကြနဲ့။လုပ်စရာ ရှိတာသာ ပြီးအောင် အမြန်လုပ်ကြ။နေ့လည်စာ စားချိန်တော့ ရောက်လာပြီ။ အခုထိ မပြီးသေးဘူး"
"ငါ လက်စသတ်နေပါပြီ"
"ငါလည်း ပြီးတော့မှာပါ"
"သက်လျာ"
"ရှင်"
"ထမင်းသွားစားရအောင်လေ"
"အစ်ကိုပဲ သွားစားနှင့်လိုက်ပါ။သက်လျာ အလုပ် မပြီးသေးဘူး"
"သက်လျာ အလုပ်မပြီးသေးရင် ကိုယ်စောင့်နေပါမယ်"
"ဟို သက်လျာက နည်းနည်းကြာဦးမယ်ထင်တယ်။အစ်ကို ဗိုက်ဆာနေပါဦးမယ်"
"မဟုတ်တာ။ လမ်းတူနေတာပဲကို အတူတူသွားစားကြတာပေါ့။ကိုယ်စောင့်နိုင်ပါတယ်"
"သက်လျာ "
" ဟုတ်ကဲ့ အစ်မဖီနို"
"ထမင်းသွားစားတော့လေ"
"ဟို ဒီတစ်ပိုဒ်ပဲ လိုတော့လို့ "
" နောက် မှ လုပ်လည်း ရပါတယ်။ထမင်း သွားစားတော့။စားပြီးမှ ပြန်လာလုပ်လိုက်ပေါ့"
YOU ARE READING
မေ့သက်လျာ
Teen Fictionဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။