မာမီနဲ့ ဒယ်ဒီ မရှိတော့တဲ့ နောက် ဘဝကို ဆက်ပြီး မရှင်သန်ချင်တော့ပါ။မထင်မှတ်ဘဲ ဒီလိုအိပ် မက္ ဆိုးကြီးက ကိုယ့်ဘဝထဲ ရုတ်တရက် ရောက်လာခဲ့တယ်။မိဘမဲ့ဂေဟာကို ဘာကြောင့် မာမီပို့ခဲ့တာလဲ။တခြား သော နေရာတွေများစွာရှိနေရက်နဲ့လေ။ဂေဟာကို စစ ရောက်ချင်း တွေခဲ့ရတာက ကလေးတွေ အများကြီးကိုပါ။ သူတို့တွေမှာ မိဘမရှိကြတော့ဘူးတဲ့။တစ်ချို့ဆို မိဘရှိလျက်နဲ့ စွန့်ပစ်ခံခဲ့ရတဲ့သူတွေ။မိဘမေတ္တာမပြောနဲ့ မိဘ မျက်နှာကိုတောင် မမြင်ဖူးကြတဲ့သူတို့ဘဝတွေ ကိုယ်က သူတို့လောက် အခြေအနေ မစိုးသေးပါဘူးလားဆိုတဲ့ အတွေးတွေ ဝင်လာမိတယ်။တစ်ဆက်တည်းမှာပဲ သူတို့တွေက ဘာကြောင့် အသက်ဆက်ရှင်သန်နေကြတာလဲ။ သူတို့ တောင် ရှင်သန်နိုင်မှတော့ ကိုယ်လည်း ရှင်သန်နိုင်ရမယ်လို့ တွေးလာမိတယ်။ဒီလို အကောင်းမြင်စိတ်တွေ ဝင်လာအောင် လောကကြီးကို ကြည့်တတ်လာအောင် မြင်တတ်လာအောင် ဆွဲခေါ်ပေးခဲ့တဲ့ တရားခံက မင်းပါ.... သက်လျာ။ ငါအားငယ်နေခဲ့တဲ့အချိန်တွေ ငါပြိုလဲနေခဲ့တဲ့ အဲ့အချိန်တွေမှာ မင်းကမ်း ပေးခဲ့တဲ့ လက်က ငါ့ကို လှမ်းဆွဲပေးတဲ့ လက် မဟုတ်ဘဲ တွန်းထုတ်ခဲ့မယ်ဆိုရင် ဒီနေ့အထိ ငါဆိုတာ ဆက်ရှိနေပါ့မလား မသေချာလောက်ဘူး။မင်းက တကယ့်နွေးထွေးတဲ့ နေရောင်ခြည်လေးပါ။ဒီနေရာမှာ ငါမဟုတ်ခဲ့ရင်တောင် မင်းကတော့ ထွေးပိုက်ပေးနေဦးမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါကတော့ မင်းရဲ့ နွေးထွေးမှုတွေကို တဖြည်းဖြည်းနဲ့ လောဘတက်လာမိပြီ။အတ္တဆန်နေမလားတော့ ငါမသိဘူး။ အဲ့နွေးထွေးမှုကို ငါတစ်ယောက်ထဲပဲ ပိုင်ဆိုင်ချင်တယ်ဆို မင်းခွင့်ပြုနိုင်မလား။
"အဖေ သမီး ပြောတာ သူကိုင်ထားတဲ့ဟာ လိုမျိုးလေ"
"ဘယ်ဟာလဲ ။သမီးလိုချင်ရင် ဝယ်လိုက်လေ။ ဘယ်လောက်လဲ"
"Online ပေါ်ကနေ မှာရတာ။မန္တလေးက တဲ့ "
" line ပေါ်က ယုံရလို့လား သမီးရဲ့ "
"ယုံရပါတယ်"
"အပြင်မှာပဲ ဝယ်လိုက်ပါ။line ပေါ်က စိတ်မချရပါဘူး"
"အဖေကလည်း အပြင်မှာ ဒါမျိုး ရှာမတွေ့လို့ပေါ့။ နော်ပါ..နော်....နော်.. ဝယ်လိုက် မယ်နော်"
YOU ARE READING
မေ့သက်လျာ
Roman pour Adolescentsဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။