အပိုင်း(၇)

420 24 0
                                    

"ဘာလဲ မစားကောင်းလို့လား "

"ဟင် မဟုတ်ပါဘူး။ စားကောင်းလွန်းလို့ ဆွေမျိုးမေ့သွားတာ"

" ဘာတွေစဉ်းစားနေတာလဲ ဒီလောက်ထိ။ အမ်မဟုတ်မှ ချစ်သူတွေ ဘာတွေ..... အဲ...အဲ"

"မဟုတ်ပါဘူး။ ဒီအတိုင်း အလုပ်အကြောင်းလေး တွေးလိုက် မိလို့ပါ"

"အလုပ်အကြောင်းဆိုမှ ငါ မင်းကို မေးရ ဦးမယ်။မင်း ငါမေးရင် စိတ်ဆိုးမှာလား"

"စိတ်တော့ မဆိုးပါဘူး။ ဒါပေမဲ့ မေးခွန်းအပေါ်တော့ မူတည်တာပေါ့"

"ဟီး..ဟီး...မင်းကလည်း မေးရမှာလား။ မမေးရဘူးလားတောင်မသိတော့ဘူး"

"မေးကြည့်လေ။ငါက တော်ရုံ တော့စိတ်မဆိုးတတ်ပါဘူး"

"ဟိုလေ... မင်း ကျောင်း ပြောင်းသွားတာလား"

"အင်း"

"ဘယ်ကိုပြောင်းသွားတာလဲဟင်"

"ကနေဒါ "

" ဪ ငါတို့က မင်းကို ကျောင်းထွက်သွားတယ်ထင်နေတာ"

"ပြီးတော့လေ ကျောင်းက ရှယ်ယာတွေကို မင်းဘာကြောင့် ဝယ်လိုက်တာလဲဟင်။ကေဇင်တို့ကို လက်စားချေဖို့ မလား"

" ဒိန်"

"အား..ဘာလို့ ငါ့ခေါင်းကို ရိုက်တာလဲ။ခေါင်းကွဲတော့မယ်"

"လင်ဗန်းတာ နှစ်ခြမ်းကွဲရင် ကွဲသွားလိမ့်မယ်။မင်းရဲ့ ခေါင်းက ကွဲနိုင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းခေါင်းကပိန်းလွန်းလို့ "

" ငါ ဘာပိန်းလို့လဲ "

"တော်ကြတော့။မေကိုလည်း အားနာလိုက်ဦးနှစ်ယောက်စလုံး။သူများ မုန့်ဟင်းခါး သောက်နေတာ ကောင်းကောင်းသောက်ပါစေဦး "

" ရပါတယ်။ဒါနဲ့ မင်းတို့က မပြောင်းလဲသွားဘူးနော်။ အရင်လို ပျော်စရာကောင်းနေကြတုန်း"

" ဒါနဲ့ မင်းက ဆရာလာကန်တော့တာလား"

"အင်း "

" ဪ "

ဆက် မမေးတော့ဘူးလား မင်းရယ်။အမြဲတမ်း ငါ့မှာ ဒီတစ်လျှောက်လုံးမင်းအကြောင်း တွေကိုပဲ တွေးနေခဲ့ပေမဲ့ မင်းကတော့ ငါ့ရဲ့အကြောင်း တွေကို စိတ်မဝင်စားခဲ့ဘူးပေါ့။မင်းနဲ့ အဆက်အသွယ်ပြတ်ခဲ့ရတာကြောင့် မင်း သတင်းတွေရဖို့ မင်းဘာလုပ်နေလဲ သိဖို့ ဟန်နေသီကို ဒီကို ပို့ပြီး မင်းနားရောက်အောင် ချဉ်းကပ်ခိုင်းခဲ့တယ်။ ဟန်နေသီက ပြောတယ်။မင်းက မင်းနားကို ဘယ်ယောကျာ်းလေးမှ အကပ်မခံဘူးတဲ့။ ချဉ်းကပ်လာတဲ့ ယောက်ျားလေးတွေတိုင်းကို ပြတ်ပြတ်သားသား ငြင်းလွှတ်ပစ်ကုန်တာကြောင့် မင်းစိတ်ချပါတဲ့လေ။တစ်ခြားသူတွေ လက်ထဲ ပါမသွားနိုင်ဘူးဆိုတာကို မင်းကို ယုံကြည်လို့သာ စိတ်ချလိုက်ရတယ်။တကယ်တော့ မင်းစိတ်က ရည်းစားကိုမထားချင်တာတဲ့ ဆိုပြီး ဟန်နေသီပြောပြလို့ သိလိုက်ရတဲ့အခါမှာပဲ မျှော်လင့်ချက် တစ်ဝက်ကို ရိုက်ချိုးခံလိုက်ရသလိုပါပဲ။နောက်ထပ် မျှော်လင့်ချက်တစ်ဝက်ကလည်း မိဘသဘောတူ ပေးစားတဲ့ သူ မိဘ စီစဉ်ပေးတဲ့သူဆိုရင်တော့ မငြင်းပါဘူးလို့ ဆိုလို့ မရှိတော့ဘူး။ ဒီ အတောအတွင်း မင်းမိဘတွေ စီစဉ်ပေးလိုက် မှာ ကို စိုးမိတယ်။ဒါပေမဲ့ ပွဲမစခင် မြှား ကုန်နေရင် မေ ဘယ်ဟုတ်တော့မလဲ ....မေ့သက်လျာ ရယ် ။

မေ့သက်လျာWhere stories live. Discover now