"ဝင့်လွှာမှုံ ဘာလဲ ငါ့ကို ဖုန်းဆက်ပြီး ခေါ်တဲ့ ကိစ္စ "
" ဟန်နေသီက ငါတို့ကို မုန့်လိုက်ကျွေးမလို့တဲ့။ အဲ့ဒါ မင်းနဲ့ နန်းမွန်ထားကို ဖုန်းဆက် ခေါ်လိုက်တာ"
"သူက ရန်ကုန်ကနေ ဘယ်တုန်းက ပြန်လာတာလဲ"
"တနေ့ကလို့ ပြောတယ်။ ဒီဘက် မှာ အလုပ်ကိစ္စနဲ့ ရောက်လာတာတဲ့။တစ်ဖက်ခါ ဆို ရန်ကုန်ပြန်တက်ရတော့မှာမို့ ဒီနေ့ ငါတို့ကို မုန့်ဝယ်ကျွေးချင်လို့တဲ့ "
" ဒါနဲ့ နန်းမွန်ထားကို ကော ခေါ်ထားတယ်ဆို။ သူကော "
" နန်းမွန်ထားက သူ့အိမ်မှာ စောင့်နေမှာ ။ ဦး ချေ ကြီးဆိုင်က နန်းမွန်ထားတို့ လမ်းနဲ့ တိုက်တယ်ဆိုတော့ သွားရင်းနဲ့ တစ်ခါတည်း ဝင်ခေါ်လို့ရတယ်"
" ဒါနဲ့ ဒကာခံမဲ့သူက ကော မလာသေးဘူးလား"
"ဟန်နေသီကလဲ ဦးချေကြီး ဆိုင်မှာပဲ စောင့်နေမယ်တဲ့"
"ဒါဆိုလဲ သွားရအောင်လေ"
"မင်းဆိုင်ကယ်နဲ့ပဲ လိုက်ခဲ့တော့မယ်နော်။ငါ့ဆိုင်ကယ်က ငါ့အစ်မ အပြင်သွားစရာတွေ ပေါ်လာမှာစိုးလို့ "
" အင်း "
" ဟိုမှာ ဟို တစ်ယောက်က ထွက်စောင့်နေပြီ"
"မင်းတို့ကလဲ ကြာလိုက်တာ။ဝင့််လွှာမှုံက ငါ့ကို ဖုန်းဆက်တော့ အခုချက်ချင်းကြီးပဲ ရောက်လာတော့မှာလိုလိုနဲ့။ ငါ့မှာ ပြာယီးပြာယာ ပြင်လိုက်ရတာ။ မျက်ခုံးမွှေးဆွဲတာတောင် မညီဘူး"
"မင်းကိုက အဲ့လိုလောအောင် လုပ်ထားမှ မဟုတ်ရင် အင်္ကျီ ရွေးတာတောင် တစ်နာရီကြာတယ်"
"ဒါနဲ့ ငါမျက်ခုံးမွှေးဆွဲထားတာ အရမ်းကြီး ကြည့်ရ ဆိုးနေလား။ ပြန်သွားပြင်လိုက်ဦးမယ်"
"အမလေး ပြန်သွားမပြင်နဲ့တော့။ အဲ့လောက် လဲ ကြည့်ရမဆိုးပါဘူး။ မင်းမျက်ခုံးမွှေးတာ ပြန်သွားပြင်ရင် ဒီနေ့စာက မနက်ဖြန်စာ ဖြစ်သွားလိုက် မယ်။ဆိုင်မှာ ဟန်နေသီလဲ စောင့်နေလောက်ပြီ"
"ဟင့်"
"လာပါ။ အဲ့လောက် မဆိုးပါဘူး။ သွားရအောင်"
YOU ARE READING
မေ့သက်လျာ
Roman pour Adolescentsဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။