"ငါတို့လည်း ဘယ်ခါများ ရာထူးတိုးမလဲနော်"
"စိတ်ကူးယဉ်နေလိုက် အဲ့မှာ။ကိုနေမင်းထက် က သူ့အရည်အချင်း သူ့လုပ်သက်နဲ့ ရာထူးတိုးတာ။ မင်းက အဲ့မှာ အဲ့လို စိတ်ကူးယဉ်နေရုံနဲ့ တိုးဦးမှာ စောင့်နေ။အခုလည်း အဲ့တစ်ခုလေးကို လုပ်နေတာ သုံးရက်ရှိပြီ"
"ပြီးတော့မှာပါ မင်းကလည်း။ဒီနေ့ ပြီးပြီ"
"ဒီနေ့ပြီးပြီ ဒီနေ့ပြီးပြီနဲ့ သုံးရက်ရှိသွားပြီဆို တာကိုလည်း ထည့်ပြောဦး"
"ဘာတွေ ဂျီနေကြတာလဲ"
"ဒီတစ်ယောက်ပေါ့။မနေ့က ဒီassigment တစ်ခုလေးကို သုံးရက်ရှိနေပြီ။အရင်လို အစ်မဖီနိုသာ ရှိလို့ ကတော့ သူကတော့ တွေ့စားနေပြီ။ဒါတောင် သူက သူများ တွေလို ရာထူးတိုးလေးက မှန်းနေသေး"
"ဟင် ရာထူးတိုး ဟုတ်လား။ ဒီလ ဘယ်သူတွေ ရာထူးတိုးသွားတာလဲ"
"မသိသေးဘူးလား"
"ဟင်းအင်း "
" ကိုနေမင်းထက် "
" ကို နေမင်းထက် ရာထူးတိုးတာ"
"အင်း ...ပြောင်းရွေ့နဲ့တဲ့"
"ဘယ်ကိုလဲ "
" မသိဘူး။နယ်စပ်ဘက် တဲ့။ ဘယ်နယ်စပ် လဲ မသိဘူး "
" နယ်စပ်မှာ မေ့ လုပ်ငန်းတွေ ရှိတာလား"
"ရှိလို့ ထင်တယ်"
"မေရဲ့ လုပ်ငန်းတွေက အများကြီးရှိတယ်လို့ ငါကြားဖူးတယ်။ ဒါပေမဲ့ သေချာတော့ ငါလည်း မသိဘူး"
" မေက အနေအထိုင် အရမ်းသိုသိပ်တာပဲနော်"
" ဟုတ်တယ်"
"ဒါနဲ့ မင်းတို့နှစ်ယောက်ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ"
"ငါက လေးနှစ်။မင်းထက် တစ်နှစ်ပဲ စောတာ"
"ငါက အလုပ်သင်လုပ်တဲ့နှစ်ကော ဆိုခြောက်နှစ်တော့ ကျော်ခဲ့ပြီ။ခုနစ်နှစ်ပြည့်ခါနီး ။နောက်ထပ် ငါးလလောက်ဆို ခုနစ်နှစ်ပြည့်ပြီ။ ဘာလို့မေးတာလဲ"
"ငါ့ထက် ဒီကုမ္ပဏီအရင်ရောက်တာဆိုတော့ ကုမ္ပဏီအကြောင်းပိုသိသလားလို့။ ငါဒီမှာ အလုပ်လုပ်နေတာ သုံးနှစ်ရှိပြီ။ ကုမ္ပဏီရုံးခွဲ ရှိတယ်ဆိုတာ မကြားမိလို့ "
YOU ARE READING
မေ့သက်လျာ
Teen Fictionဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။
