တစ်ရက်ဆိုတဲ့ အချိန်ဟာ ကုန်လွန်သွားဖို့ အရမ်းမြန်ပါတယ်။အချိန်တွေကုန်လွန်တာ မြန်တာကြောင့် သတိတောင်မထားမိပါ။တဖြည်းဖြည်းနဲ့ အချိန်တွေ ကုန်လွန်သွားတာကို သတိထားမိချိန်မှာတော့ အတန်းတင်စာမေးပွဲကြီး တောင် ရောက်ခဲ့ပြီ။ဒီနေ့ကတော့ အတန်းတင်စာမေးပွဲကြီးရဲ့ နောက်ဆုံး ဘာသာဖြေတဲ့နေ့ပေါ့။စာမေးပွဲ ပြီးတော့ အိမ်ကလာ အကြို ကို အထုပ်တွေ သေတ္တာတွေ ကိုယ်စီနဲ့ အဆောင် ရှေ့မှာ စောင့်နေကြတယ်။
တဟားဟားနဲ့ ရယ်သံတွေကို နားထဲမှာ မကြားတကြား ကြားနေမိသည်။ဒါပေမဲ့ အိမ်က လာအကြို ကို မျှော်နေတာကြောင့် ထိုအသံတွေကို ဂရုမစိုက် မိပါ။
"သက်လျာ"
"ဟင်"
"ငါ မင်းကို ဒါလေးလာပေးတာ"
သူ့လက်ထဲက ကြိုးနီလေးကို လက်ထဲထည့်ပေးလာသည်။သေချာကြည့်လိုက် မိမှ ရွှေလုံးလေးတစ်လုံးနဲ့ တီထားတဲ့ လက်ပတ်ကြိုးနီလေး။
"ဘာလို့ ပေးတာလဲ"
"ငါ လက်ဆောင်ပေးချင်လို့ပါ။မင်းကြိုက်ရဲ့လား"
"အင်း ကြိုက်တယ်"
"ငါသွားတော့မယ်နော်"
"ခဏလေး ! ဒီအင်္ကျီက "
" အင်္ကျီကလား။ကေဇင် ပေးထားတာ။ ပြီးတော့ သူက ငါ့ကို တောင်းပန်တယ်တဲ့။ဒီနှစ် တစ်နှစ်လုံး သူ အနိုင်ကျင့်ခဲ့တာတွေအတွက် ခွင့်လွတ်ပေးပါဆိုပြီးတော့။ပြီးတော့ သူက ငါ့ကို ဒီ T Shirt အင်္ကျီလေး လက်ဆောင်ပေးတာ။ သူ့ကို ခွင့်လွတ်ပေးတယ်ဆိုရင် ဒီနေ့ ဝတ်ပါဆိုလို့ ဝတ်ထားတာ"
"မင်းရူး နေပြီလား"
"ဘာလို့လဲ "
" အဲ့ဒါ မင်းကို ဂျင်းထည့်တာဟဲ့။ ဒီအင်္ကျီမှာ ရိုက်ထားတဲ့ ပုံက ဘယ်သူ့ပုံလဲ သိလား"
"မသိဘူးလေ"
"ဂျပန်ကတုံးဟဲ့။ဂျပန် ကတုံးပုံ...ဂျပန်ကတုံး ဆိုတာကို ကော သိလား"
"ကြားဖူးတယ်"
"လအရဲ့ ကြားဖူးတယ်ပဲ လုပ်နေလိုက်။အဲ့ဒါက အပြာကားတွေရိုက်တဲ့ လူ ကွာ။သိပြီလား"
YOU ARE READING
မေ့သက်လျာ
Teen Fictionဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။
