အပိုင်း (၉)

397 20 0
                                        

"သက်လျာ ကျေးဇူးပါ "

" ငါ့ကို ကျေးဇူးပါလို့တော့ ပြောတတ်ပြီး ဟိုအဖွဲ့ ပြောတာတွေကို ကျ ဘာမှ ပြန်မပြောတတ်ဘူးပေါ့"

"................"

" ငိုပြန်ပြီ"

"............."

"တော်ပါတော့။မိဘမရှိတာကို ဝမ်းနည်းတာလား။ ဟုတ်လား"

"............."

"ငါ့မှာ မိဘနှစ်ပါးစလုံး သက်ရှိထင်ရှားရှိနေသေးတယ်။ ဒါပေမဲ့ ငါ မိဘတွေနဲ့အတူမနေရဘူး။ အခုမှမဟုတ်ဘူးနော်။ငယ်ကတည်းက နေ အတူမနေခဲ့ရတာ။ ငါလည်း မိဘမဲ့ တစ်ယောက်နဲ့ မခြားပါဘူး။နောက်တစ်ခုက မင်းကို နိုင်စားကြတဲ့ ဟိုအဖွဲ့ကလည်း မိဘသာရှိတာ။ မိဘဆိုတဲ့ ဝေါဟာရအောက်က နွေးထွေးမှု ကြင်နာမှုတွေကို ခံစားဖူးတဲ့ ပုံမပေါ်ပါဘူး။ တစ်ချို့ဆို မိဘရှိပေမဲ့ မိဘဆိုးတွေကြောင့်မိဘမဲ့ဖြစ်ချင်တဲ့သူတွေတောင် ရှိတယ်။ငါပြောချင်တာက အခု မင်းဝမ်းနည်းနေရတဲ့ အကြောင်းအရင်းက မင်းမှာ မိဘမရှိလို့ဆိုရင် ဒါက ခိုင်လုံတဲ့ ဆင်ခြေ မဟုတ်ဘူး။ဝမ်းနည်းကြေးဆို မင်းကို နိုင်စားတဲ့ ဟိုအဖွဲ့ကလည်း ဝမ်းနည်းရမှာပဲလေ။ ဒါပေမဲ့ ဘာကြောင့် သူတို့ ဝမ်းမနည်းတာလဲ။ သူတို့လည်း ဝမ်းနည်းရမှာမဟုတ်လား။သူတို့ ဝမ်းမနည်းတာမဟုတ်ဘူး။ သူတို့ရဲ့ အားနည်းချက်အဖြစ် အဖြစ်မခံတာ။ လူလိမ်တစ်ယောက်ဟာ အယုံလွယ်သူတွေကို သားကောင် အဖြစ် ပစ်မှတ်ထားကြသလိုပေါ့။မင်းရဲ့ ဒီအရာတွေပေါ်မှာ ခံစားပြ ဝမ်းနည်းပြနေရင် မင်းရဲ့ အားနည်းချက်ကြီးလို လုပ်ပြနေရင် သူတို့က မင်းကို ရှေ့လျှောက် ဒီလို ဘာမှမဟုတ်တဲ့ အကြောင်းပြချက်တွေနဲ့ပဲ နိုင်စားနေကြဦးမှာ"

"........."

"ငါပြောနေတာတွေကိုကော နားလည်ရဲ့လား"

"အင်း"

"အပင် မြင့်လေ .. လေတင့်လေတဲ့
ကြားဖူးလား"

"အင်း"

"မင်း ဟိုး အမြင့်မှာ နေချင်ရင် အမြင့် မရောက်ခင် တိုက်နေတဲ့ ဒီလေတွေလောက်ကိုတော့ မင်းခံနိုင်ရမယ်။ ဘာလို့လဲဆို မြင့်လေ မြင့်လေ ဒီထက် ပြင်းတဲ့ လေတွေကို မင်းခံစားရမှာမို့ပဲ။ ငါကတော့ တော်ပါပြီ ငါ့ဘဝကို အများကြီး မတွေးတော့ပါဘူး။ ငါ့ဘ၀က ဒီလောက်ပါပဲ ဆိုပြီး လုပ်နေရင်တော့ ဒီလောက်နဲ့ပဲ နေနေရမှာပဲ။ဘယ်သူမဆို ကိုယ့်ထက်နိမ့်နေတာမြင်ရင် နင်းကြမှာပဲ။ဘယ်လိုပဲဖြစ်ဖြစ် မလွှတ်တဲ့ အတူတူ အမြင့်မှာ နေတာက ပိုမကောင်းဘူးလား"

မေ့သက်လျာWhere stories live. Discover now