အပိုင်း (၁၄)

309 17 2
                                    

"သက်လျာကော "

" ကုန်ကြမ်းကုမ္ပဏီက  ဒီနေ့ထပ်ချိန်းလို့...."

" မပြီးနိုင်သေးဘူးလား အဲ့ ကုန်ကြမ်းကိစ္စက "

" ဟုတ် ''

"ဒီနေ့မှ မပြီးခဲ့ရင် အဲ့ကိစ္စကို သက်လျာကို မလွှတ်နဲ့တော့လို့ အစ်မဖီနိုကို ပြောလိုက်"

" ဟုတ်ကဲ့ "

" သူတို့ သွားတာကြာပြီလား"

"မနက်ကတည်းက သွားတာဆိုတော့ ကြာတော့ ကြာပြီ"

" ကျစ်...ဖုန်းဆက်ဖို့ ပြောထားတာကို ''

"ရှင်"

"အော်..ဘာမှမဟုတ်ဘူး "

" ဟိုမှာ ပြန်လာကြပြီ CEO"

ဒီနေ့တော့ ဟိုဘက်က တာဝန်ရှိသူကို ခဏတော့ စောင့်လိုက်ရသည်။ဒါပေမဲ့လည်း အလုပ်ကိစ္စ အဆင်ပြေခဲ့ပါသည်။နေ့လည် ကွက်တိ ပြန်ရောက်လို့ တော်သေးတယ်လို့ ဆိုရမည်။ မဟုတ်ရင် မနေ့ကလို ကိုနေမင်းထက် ဝယ်ကျွေးတဲ့ နေ့လည်စာကို ထပ်စားရပြန်ဦးမည်။ ကိုနေမင်းထက်ကိုလည်း အရမ်းအားနာလှပြီ။ကိုယ်ဘက်က ပြန်ကျွေးမယ်ဆိုတော့လည်း ကိုယ့်လစာနဲ့ ထိုကဲ့သို့သော ဆိုင်မျိုးနဲ့ အဆင်မပြေ။ လစာက နည်းလို့တော့ မဟုတ်။အဆောင်ခ ရေခ မီးခ တစ်ကိုယ်ရည်သုံးပစ္စည်းဖိုး တစ်လစာ စားသောက်ဖို့ နဲ့ နောက်တစ်ခုက အဘွားအတွက် ရယ် ဆိုတာလည်း ရှိသေးသည်။ လစာက လုံလုံလောက်လောက်တော့ ရှိပါရဲ့။ ဒါပေမဲ့ အဘွားကို ပိုပိုပြီး ထောက်ပံ့ပေးချင်သေးသည်။

"သက်လျာ"

"ရှင်"

"နေ့လည်စာ စားပြီးပြီလား"

"မစားရသေးဘူး"

"ဒါဆိုရင် အစ်ကိုတို့ အတူသွားစားရအောင်လေ"

"ဟို...ဟိုလေ ဘယ်ဆိုင်မှာ သွားစားမှာလဲ"

" တာရာ ဆိုင်လေ... ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး"

"ဒါဆို သွားရအောင်လေ"

"ဟုတ် ပိုက်ဆံအိတ်ယူလိုက်ဦးမယ်"

တာရာ ထမင်းဆိုင် ရောက်သောအခါ သူလည်း သူစားနေကျအတိုင်း ကိုယ်လည်း ကိုယ်စားနေကျအတိုင်း ကိုယ်စီမှာ စားလိုက်ကြသည်။မနေ့က ထမင်းဖိုးကို ပြန်ဆပ်ချင်တာကြောင့် နေ့လည်စာ စားဖို့ အဖော်လာညှိတာကို လက်ခံလိုက်ခြင်းဖြစ်သည်။

မေ့သက်လျာWhere stories live. Discover now