အပိုင်း(၄)

432 24 0
                                    

ဒီနေ့ကတော့ ကျောင်းရဲ့ဆရာကန်တော့ပွဲနေ့ပါ။ ဆရာဆရာမတွေကို ကန်တော့ပြီးတဲ့ နောက် မုန့်စားပွဲတော်လုပ်နေကြသည်။ အသင်းကိုယ်စီဖြင့် မုန့်လုပ်တဲ့သူက လုပ် မုန့်ဝေတဲ့သူက ဝေ  မတူညီသော အသင်း မတူညီသော မုန့်များဖြင့် အရသာကိုယ်စီပင်။ သို့ပေမဲ့ ကျောင်းသားကျောင်းသူတို့၏ တူညီသော စိတ်ဝမ်းကြောင့် ဒီလိုအခမ်းအနားတစ်ခု အထမြောက်ကျင်းပပြုလုပ်နိုင်ခဲ့သည်မလား။

" သက်လျာ မင်း assigment အိမ်စာပေးထားတာတွေ ပြီးပြီလား"

"မပြီးသေးဘူး"

"ဟင် မပြီးသေးဘူးလား။ ဘာတွေလုပ်နေတာလဲ။တီချယ်က အချိန် တစ်ပတ်တောင်ပေးထားတာကို "

"ငါလည်း ငါ့ကိုယ်ကိုယ်ငါ မသိတော့ဘူး။ အခုတလော bl Series တွေအများကြီးထွက်လာတာ အဲ့ဒါတွေ အမှီလိုက်ကြည့်နေတာနဲ့။ပြီးတော့ မနှစ်က ထွက်ထားတဲ့ bl Series တွေလဲ အကုန် မကြည့်ရသေးဘူး။ အစကတော့ ဒီတစ်ပိုင်း ပြီးရင်  အိမ်စာလုပ်မယ် လုပ်မယ်ဆိုပြီး ဇာတ်လမ်းက ဘာဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားတာနဲ့ ဆက်ကြည့်ဖြစ်သွားတာ။ အဲ့ဒါနဲ့ပဲ အချိန်တွေက ဘယ်လိုကုန်သွားမှန်းကို မသိတော့ဘူး။ မင်းကော အိမ်စာတွေ အားလုံးပြီးပြီလား"

"ငါက ပြီးပြီ။ ဒါနဲ့ မင်းကို မေးရဦးမယ်။မင်းလည်း ဖုန်းသုံးတာပဲ။ မင်းဆို ဇာတ်လမ်းတွဲတွေ ဒီလောက်ကြည့်တာ။ ငါက မင်းလောက်လည်း ဖုန်းမသုံးပဲနဲ့။ ငါ ဒီလောက် စာကျက်တာကို မင်းက ဘာလို့ ငါထက် အမြဲတမ်းအမှတ်ကောင်းနေရတာလဲ"

"ငါက ဖုန်းသုံးတယ်ဆိုပေမဲ့ တစ်ရက်စာ တစ်ရက်တော့ ပျက်အောင် ဖြတ်တယ်"

"ထားပါတော့ "

" သက်လျာ မင်းကြည့်တဲ့ကားတွေကလေ ယောက်ျားလေးအချင်းချင်း ကြိုက်တဲ့ ကားတွေ ကြီးပဲနော်။ငါတော့ အဲ့လိုမျိုး မကြည့်တတ်ပါဘူး"

"သူ့အကြိုက် ကိုယ့်အကြိုက် မတူနိုင်ဘူးလေ။ ဒါကငါ့ရဲ့ စိတ်ချမ်းသာမှုပဲလေ''

"ဟန်နေသီ အစားနည်းလှချည်လား"

"အင်း"

"ဘာအင်းလဲ။ ဟိုဘက် အသင်းက ကြာဇံဟင်းခါးလဲ နှစ်ခွက်သွားသောက်ခဲ့ပြီးပြီ"

မေ့သက်လျာWhere stories live. Discover now