"သက်လျာ အစ်မကို ဒီဖိုင်လေး တစ်ချက် ပြန်စစ်ထားပေးဦး"
"ဟုတ်ကဲ့"
"သက်လျာ"
" ရှင်"
"CEO က သူ့ရုံးခန်းထဲ ခဏလာဦးတဲ့ "
"ဟုတ်"
"CEO ခေါ်တယ်ဆို.. အရင်သွားလိုက်။ ဒီဖိုင်တွေက ခဏနေမှ ပြန်လာလုပ်လိုက်"
" ဟုတ် "
"ဒေါက်..ဒေါက်...ဒေါက် "
"ဘယ်သူလဲ"
"သက်လျာပါ"
" တံခါးလော့ (ခ်) မချထားဘူး"
"CEO ခေါ်တယ်ဆိုလို့ပါ"
"ခေါ်တဲ့ ကိစ္စ အရင်မပြောခင် အရင်ဆုံး တောင်းဆိုချင်တာတစ်ခုရှိတယ်။လိုက်လျောနိုင်မလား"
"ဟို....ဟို....ဟုတ် ကဲ့ "
" CEO လို့ မခေါ်ပါနဲ့လား။ အရင်လိုပဲ မေလို့ခေါ်ပါ"
"ဟို ...ဟိုလေ..."
"ဟား...ဟား...."
"ဘာလို့ရယ်တာလဲ"
" သက်လျာက တစ် ဟို ဟိုနဲ့ဆိုတော့ ရယ်မိသွားတာပါ"
".........."
"မေလို့ပဲ ခေါ်ပေးနိုင်မလား"
"CEO အဆင်မပြေဘူးဆိုရင် ခေါ်ပေးပါ့မယ်"
" မဟုတ်ဘူး.... အမိန့်ပေးနေတာမျိုး မဟုတ်ဘူးနော်။ တောင်းဆိုနေတာပါ။ မေလို့ ခေါ် မှ ရမယ်လို့ ပြောချင်တာ မဟုတ်ဘူး"
"ဟုတ် မေလို့ခေါ်ပါ့မယ်"
"ပြီးတော့ အရင်ကလိုပဲ မေ့အပေါ်ကို ဆက်ဆံစေချင်တယ်"
" ဟုတ် "
" သူငယ်ချင်းတစ်ယောက်လိုပေါ့ "
"ဟုတ်။ဒါနဲ့ CE ... မှားလို့ မေခေါ်တဲ့ ကိစ္စက "
"ဪ ကုမ္ပဏီမှာ အလုပ်လုပ်ရတာ အဆင်ပြေလားလို့ "
"ဟုတ် ပြေ ပါတယ်"
"အခုနေနေတဲ့အဆောင်ကော နေရတာ အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ်"
"ကုမ္ပဏီ Project ထဲက ကွန်ဒို အလွတ် လဲ ရှိတယ်။ပြီးတော့ မေက တစ်ယောက်တည်းနေတာဆိုတော့ မေ့အိမ်မှာလည်း လာနေလို့ရတယ်"
YOU ARE READING
မေ့သက်လျာ
Teen Fictionဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။