အပိုင်း (၁၃)

228 19 0
                                    

"အစ်မ ဖီနိုကို တွေ့မိလား"

"CEO တို့နဲ့ ဟိုဘက်ခန်းမှာ စကားပြောနေတာ တွေ့ခဲ့တယ်"

မနေ့ညက အစ်မဖီနိုက ကုမ္ပဏီ ရောက်ရောက်ချင်း သူ့ဆီလာခဲ့ဦးလို့ ဖုန်းဆက်ထား၍ သူ့နေရာမှာ မရှိသောကြောင့် ရှာနေရခြင်းဖြစ်သည်။

"အစ်မဖီနို"

"အော် အေ လာလေ"

"မနေ့ညက ကုမ္ပဏီ ရောက်ရင်အစ်မဆီလာခဲ့ဖို့ပြောထားလို့ပါ"

" ဟုတ်တယ်... ဒီမှာ အခုအဲ့ဒီကိစ္စ ပြောနေကြတာ။ ကုန်ကြမ်းပို့ပေးတဲ့ ကုမ္ပဏီက ပေးတဲ့ စာရင်းနဲ့ ငါတို့ဘက်ကို ရောက်လာတဲ့ ကုန်ကြမ်း စာရင်း အတော်လေးကွာနေတယ်။ဒီလိုဖြစ်တာတစ်ခါ မကတော့ဘူး။ဖုန်းဆက်ပြောတော့လည်း ဘာမှမထူးလာဘူး။ အဲ့ဒါ လူကိုယ်တိုင် သွား မှ ဖြစ်တော့မှာ"

" ဟုတ် "

" အစက အစ်မနဲ့ နေမင်းထက် သွားမလို့ပဲ။ ဒါပေမဲ့ အစ်မ မှာ နောက်ထပ် Project အတွက် စီစဉ်ရမှာတွေ ရှိသေးလို့ ။အဲ့ဒါ နေမင်းထက်နဲ့အတူ ညီမလေး သွားပေးနိုင်မလား"

"ဟုတ်ကဲ့ "

" နေမင်းထက် ဒါက  သက်လျာတဲ့။ အစ်မရဲ့ assistant အသစ်"

"ကျွန်တော်တို့နှစ်ယောက်က ခင်ကြပါတယ်"

*ဘာကို ခင်ကြပါတယ်လဲ။တစ်ခါလေးပဲ စကားပြောဖူးတာကို။ပိုက်ဆံပြန်ပေးတဲ့ အခေါက်နဲ့ဆို နှစ်ခါ ထားလိုက်ဦး။ ဒါလဲ သူ့ဘက်က ဇယားလာရှုပ်လို့လေ။ဒါပေမဲ့ ဒါကို ခင်တယ်လို့ ပြောလို့ရတာလား။အဘွားပြောသလို ရန်ကုန်သားတွေက လူလည်တွေပဲလား။ ဒါမှမဟုတ် ဒါကို ဖော်ရွေတယ်လို့ ပြောတာလား * ဟု သက်လျာတွေးနေမိသည်။

"အော်"

မေဆီမှ အော်ဆိုတဲ့ အသံက အလိုမကျသောအငွေ့အသက် များဖြင့် ။

" ကျွန်တော်တို့ နှစ်ယောက် အခုပဲ သွားလိုက် မယ်နော်"

"အင်း"

"ဒါဆို ကျွန်တော်တို့ကိုခွင့်ပြုပါဦး"

သွားရမဲ့ ကုမ္ပဏီကို မသိပေမဲ့ ကိုနေမင်းထက် ကတော့ သိသည်။အနောက်ကနေ ကိုနေမင်းထက် လိုက်လာသည်ဟု ထင်သော်လည်း ကားငှားဖို့ ပြင်လိုက်သောအခါ အရှေ့မှာ ကားတစ်စီးဖြင့် လာရပ်သူက ကိုနေမင်းထက်။ဓာတ်လှေကားစီးချိန်ထိတော့ အတူတူရှိခဲ့သည်။ကိုယ့်အနောက်ကလူ ဘယ်အချိန်ပျောက်သွားမှန်း မသိလိုက်၍ ကိုယ်က သတိ နည်းပါလားဟု ကိုယ့်ကိုယ်ကိုယ်သုံးသပ်မိသည်။

မေ့သက်လျာWhere stories live. Discover now