"သက်လျာ သွားရအောင်လေ"
"အင်း "
" သက်လျာ က ဆိုင်ကယ်နဲ့လား။ ကားနဲ့ပဲ အတူသွားရအောင်လေ"
"ဒီမှာ ဒီဘက်က ကား လည်း စီးလို့ရတယ်"
"သက်လျာ ၀င်စရာနေရာလေး ရှိသေးလို့ ဆိုင်ကယ်နဲ့ပဲ လိုက်ခဲ့တော့မယ်"
"အေး..အေး အဲ့ဆို သွားပြီနော်။အရင် မှာထားနှင့် ကြတာပေါ့"
"ဟုတ်"
သက်လျာ ရဲ့ ဆိုင်ကယ်လေး ရွှေဆိုင်တစ်ခုရှေ့သို့ ရပ်လိုက်သည်။
"မင်္ဂလာပါရှင်။ဘာပစ္စည်းလေး ပြပေးရမလဲရှင့်"
"မိတ်ဆွေတစ်ယောက်ကို လက်ဆောင်ပေးချင်လို့ နားကပ်ထဲက ဖြစ်ဖြစ် လက်စွပ်ထဲကဖြစ်ဖြစ် ဈေး သင့်တဲ့ထဲက ပြပေးပါလား။ ဒါမှမဟုတ် လက်ဆောင်ပေးလို့အဆင်ပြေမဲ့ ပစ္စည်းမျိုးလဲ ရတယ်"
"ဟုတ်ကဲ့ အမှတ်တရ လက်ဆောင်ပေးဖို့ နော်"
"ဟုတ်"
"အမျိုးသမီးအတွက်လား ။အမျိုးသား အတွက် လားရှင့် "
" အမျိုးသမီးပါ "
" ဟုတ်ကဲ့ လက်ဆောင်ပေးဖို့ဆို အခုနောက်ပိုင်း ဒီလို Set မျိုးတွေ ခေတ်စားလာပါတယ်"
"တခြားဟာ ထဲက ပြပေးလို့ရမလား။ Heavy ဖြစ်နေမလားလို့ "
" ဟုတ်ကဲ့ ဒါဆို ဒီဘက်က ဟာလေးတွေ ကော "
" ဟိုနှစ်ခုက တစ် Set လား "
" ဒါလေးလားရှင့်"
"ဟုတ်"
"ဒါက တစ် Set ထဲမဟုတ်ပါဘူး။ ဒီလိုလေးပါ။2 in 1 ပုံစံပါ"
"အော် hand-chain ကော လုပ်လို့ရတာပေါ့"
" ဟုတ်ကဲ့ရှင့် ။2 in 1 ထဲက ဆို ဒီဘက် မှာလည်း ရှိပါတယ်ရှင့်"
"ဒါကျတော့ "
" ဒါက လက်စွပ်နဲ့လက်ကောက် 2in1ပါရှင့် "
" ဒီ design ထဲက 2 in 1 ရှိလား"
"အဲ့လို design ထဲက 2 in 1 တော့ မရှိသေးဘူး"
"ဒါဆို ဒါဘဲ ယူလိုက် မယ်။ဘယ် လောက်လဲ"
" ဟုတ်ကဲ့ ဒါက ၃သိန်း ၇ သောင်းပါရှင့် "
YOU ARE READING
မေ့သက်လျာ
Teen Fictionဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။
