"သမီးနိုးလာပြီလား"
"ဟင်း....အင်း "
" ဟန်နေသီ ဒေါက်တာ သွားခေါ်ပေးခဲ့ဦး။ လူနာသတိရပြီလို့ "
"သတိရပြီလား"
"ဟုတ်"
" နာမည် ဘယ်လိုခေါ်လဲ"
"မေပါ "
" နာမည်က မေတစ်လုံးတည်းလား"
"ဟုတ်တယ် ဆရာမ။မေလမှာ မွေးလို့ မေလို့ နာမည်မှည့်ထားတာပါ ဆရာမ"
"ကျွန်မ လူနာကို မေးနေတာပါ"
"တောင်းပန်ပါတယ် ဆရာမ"
"ဒီလူကို ရော သိလား"
"ဟုတ်"
"သူတို့က ဘယ်သူတွေလဲ "
" အန်တီလေး ငုသီနဲ့ ဟန်နေသီ"
" ဟုတ်ပြီ။ လူနာက ခေါင်းကို ထိထားပေမဲ့ အတိတ်မေ့တာမျိုးတွေတော့ မဖြစ်တာ ကံကောင်းပါတယ်။အဆင်မပြေတဲ့နေရာ နာတဲ့ ကိုက်တဲ့နေရာတွေရှိလား"
"မရှိပါဘူး။ခေါင်းတော့ အရမ်းမူးနှောက်နေတယ်။ပြီးတော့ တစ်ခါတစ်ခါ ထိုးထိုးပြီး ကိုက်လာတယ်"
" ခေါင်းကိုလည်း ထိခိုက်ထားပြီး အခုမှ သတိရခါစဆိုတော့ ဒီလိုလက္ခဏာလေးတွေ ရှိတတ်ပါတယ်။ ကျန်တာကတော့ကြီးကြီးမားမား စိုးရိမ်စရာမရှိတော့ပါဘူး။ ပြည့်ပြည့်၀၀ အနားယူဖို့လည်း လိုပါသေးတယ်။ ခဏနေမှ နောက်တစ်ခါ လာကြည့်ပေးပါမယ်။ ဒီကြားထဲ တစ်ခုခု အဆင်မပြေတာရှိရင်လဲ လာခေါ်ပါ။အခုတော့ ခွင့်ပြုပါဦး"
"ဟုတ် ဆရာမ"
"မေ အိပ်လိုက်ဦးနော်"
"အင်း"
မျက်လုံးများကလည်း လေးနေတာကြောင့် အိပ်လိုက်သည်။ဘာကိုမှလည်း ခေါင်းထဲမှာ စဉ်းစားလို့မရ။ မစဉ်းစားချင်။ မျက်လုံးများဖွင့်ဖို့ရန် လေးလံနေတာကြောင့် ခဏတာ အိပ်လိုက်ပေမဲ့ ပြန်နိုးလာချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေသည်။
" ဟန်...ဟန်နေသီ"
"ဟင်...မေ.. နှိုးလာပြီလား"
ဟန်နေသီ အခန်းမီးဖွင့်လိုက်သည်။ထိုအခါ မျက်လုံးပေါ် ကျရောက်လာသော မီးရောင်သည် ခေါင်းထဲ အတွေးထဲ စူးခနဲ တစ်စုံတစ်ခုဝင်လာသည်။
YOU ARE READING
မေ့သက်လျာ
Teenfikceဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။