အပိုင်း (၂၀)

307 18 2
                                    

ထိုနေ့ပြီးကတည်းက သက်လျာဘက်က တစ်ဖန် ပြန်လည် အေးစက်သွားပြန်သည်။
အမြဲလိုလို မေကို ရှောင်နေတတ်သည်။သူ့ဘက်က အချိန်လိုသေးလို့ ဖြစ်ပါလိမ့်မည်။အခြေအနေအားလုံး ရုတ်တရက်ဆန်နေတော့ သူ့အတွက် အချိန်လိုမှာပင်။ဒါကြောင့် ခဏလောက် လွှတ်ထားပေးသင့်သည်ဟု ထင်သည်။

"ဒါက "

" အလုပ်ထွက်စာပါ "

" ဘာလို့လဲ ။အကြောင်းပြချက်က ဘာလဲ "

ဒေါသထွက် သွားမိသည်။သူဆိုတာ အမြဲ မပွင့်မလင်း။မဟုတ်ဘူး။ ကိုယ့်ဘက်ကလည်း ပွင့်လင်းမှု မရှိခဲ့ဘူး။ နှစ်ယောက်သားရဲ့ ဆက်ဆံရေးက မပွင့်လင်းခဲ့တာ။ ကိုယ့်ဘက်ကဒီထက် ပိုပွင့်လင်းခဲ့ရမှာ။ ဒီလောက်ကြာခဲ့တဲ့ အချိန်တွေက မလုံလောက်ခဲ့ဘူးလား။ ကြိုးစားခဲ့သမျှက ဒီမှာပဲ အဆုံးသတ်သွားရမှာလား။

"ရာထူးတိုးထားတာမှ မကြာသေးဘူး။ ဘာလို့လဲ။ ဘာအဆင်မပြေလို့လဲ "

မသိလို့လား။သိလျက်နဲ့ မေးနေတာလား။ နေ့တိုင်း သူနဲ့တွေ့နေရမှာ။အနေခက်တဲ့ အခြေအနေမျိုးနဲ့ သက်တောင့် သက်သာမဖြစ်တဲ့ ဒီလို အလုပ်ခွင်မှာ ဆက်လုပ်ဖို့ ပင်ပန်းသည်။အလုပ်ထွက်စာတင်ဖို့အတွက် အကြိမ်ကြိမ် စဉ်းစားခဲ့ပြီးပြီ။ဒီလမ်းကို ရွေးတာ မမှားနိုင်ပါ။သို့ပေမဲ့ ဒီလမ်းကို ရွေးရသည့် ဆင်ခြေကတော့ ရှာမတွေ့။

"ဒီလိုအနေခက်တဲ့အခြေအနေနဲ့ ရှေ့လျှောက် သက်တောင့်သက်သာ ဖြစ်မှာမဟုတ်ဘူး။နှစ်ယောက်စလုံးအတွက် ပင်ပန်းစေတယ်"

"အနေ ခက်တဲ့ အခြေအနေ။နှစ်ယောက်စလုံး ..."

".........."

"နှစ်ယောက်စလုံးလို့ ပြောပြီး တစ်ဖက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ပဲသတ်မှတ်နေတာပဲ။အနေခက်တဲ့ အခြေအနေ ဆိုတာကလည်း သက်လျာဘက်က ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ ကိုယ့်အတွက်တော့ မဟုတ်ဘူး။သက်လျာကို မြင်နေရတာက ကိုယ့်အတွက် နေရ မခက်စေပဲ တစ်ခြားသူတွေထက် ပိုပြီးသက်တောင့်သက်တာဖြစ်စေတယ်။ရင်ထဲက ခံစားချက်ကိုသက်လျာကို ဖွင့်ပြောလိုက်ရတဲ့အတွက်လည်း နောင်တမရဘူး။ သက်လျာဘက်က ခါးခါးတီးတီး မုန်းရင်တောင်ပေါ့။ကိုယ် ချစ်တာကို ချစ်တယ်လို့ ဖွင့်ပြောခဲ့ရပြီ။ ဒီလောက်ပဲ။ ဒီလောက်ဆိုလဲ ကျေနပ်နိုင်တယ်။ ဒါ့ကြောင့် သက်လျာဘက်က အများကြီး တွေးစရာမလိုဘူး။ သက်လျာ စိတ်ကို အများကြီး မတွေး ဘဲ သက်တောင့်သက်တာ နေပါ။ဒီအလုပ်ထွက်စာကိုလည်း လက်မခံပေးနိုင်ဘူး"

သူကမ်းပေးလာသော စာအိတ်ကိုယူ၍ ပြန်ထွက်လာခဲ့သည်။ဘာရယ်ကြောင့် မဟုတ်။သူဒီလိုပြောတော့လဲ စိတ်ထဲက သက်သာသွားသရောင်။ အခါခါ စဉ်းစားပြီး ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က ခဏလေးအတွင်း နဲ့ ပျက်စီးသွားသည်။ငါ့ဆုံးဖြတ်ချက်မမှားဘူးလို့ ယူဆပြီး ဇွတ်တိုးခဲ့ရာကနေ အခုဖြင့် နောင်တပင် ရချင်သလို။ အလုပ်ထွက်ဖို့ ထိ လိုလို့လား။ အလုပ်ထွက်ပြီးရင် ငါဘယ်လို ဆက်သွားမလဲ။ ဘာမှ အစီအစဉ်မရှိ။ငါတကယ် ရူးမိုက်ခဲ့တာလား။စတဲ့ စတဲ့ အတွေးတွေဖြင့် တစ်နေ့ကုန်သွားခဲ့သည်။ဒါပေမဲ့ ဒီလိုလုပ်ရာကနေ စိတ်သက်သာမှု ရခဲ့တာပဲ။ ဒါကို သင်ခန်းစာယူပြီး ဆုံးဖြတ်ချက်ချမိသည်။ပြဿနာကို သယ်ထားမဲ့ အစား ရင်ဆိုင်လိုက်တာက အကောင်းဆုံးထွက် ပေါက်ဟူ၍။

........

တွီ...တွီ...တွီ

"အင်း ပြော"

"ဒီဘက်မှာ ၀န်းကိစ္စ ပြဿနာတက်နေတယ်။ပုံမှန် အသေးအဖွဲ ဆို ငါ့ဟာ ငါ လုပ်လို့ ရပေမဲ့ ဒါကတော့ မင်းကိုယ်တိုင် ဝင်ရှင်းရမယ်ထင်တယ်"

အမေတို့ မရှိတော့တာ (၇)နှစ်ကျော်ရှိခဲ့ပြီ။ အန်တီငုသီ ကိုးကွယ်နေသော ဘုန်းဘုရားက မဟာစည် ဘိုးဘွားရိပ်သာ ဆောက်ချင်သည့် ဆန္ဒရှိကြောင်း အန်တီငုသီ ပြောပြသည်။ ဒါ့ကြောင့်အမေ တို့ထားခဲ့တဲ့ မြေကို အမေတို့ အတွက် ရည်စူးပြီး မဟာစည်ဘိုးဘွားရိပ်သာ ဆောက်ရန် လှူဒါန်းခဲ့သည်။ဂရမ်ကိစ္စနှင့် အခြားသော ကိစ္စဝိစ္စတို့ကို ဟန်နေသီနှင့် သာလွှဲထားသည်။

ဟန်နေသီက ရွတ် နှောက်နှောက်လူစားမျိုးဆိုပေမဲ့ အလုပ်ဆိုလျှင် အမြဲ စေ့စပ်ပြီး စိတ်ချရသူဖြစ်သည်။ပြန်လှည့်ကြည့်စရာ မလိုအောင်ပင် ယုံကြည်ရသော သူလည်းဖြစ်သည်။

"ရုံးမှာ မြေနဲ့ ပတ်သတ်ပြီး ကန့်ကွက်စာ ရောက်နေတယ်"

"ဂရမ်နဲ့ တခြား စာချုပ်တွေက....."

"အဲ့ဒါ အလုပ်မဖြစ်ဘူး။ သူတို့မှာလည်း ဂရမ်ရှိနေတယ်"

" မဖြစ်နိုင်တာ။ သူတို့ စာချုပ်စာတမ်းတွေက တရားဝင် ဟုတ်ရဲ့လား"

"ငါသေချာစစ် ပြီးပြီ။ သူတို့ဟာကလည်း တရားဝင် ပဲ"

"ဒါဆို ငါလာကြည့်မယ်။ပြီးတော့ အဲ့ဘက်ကနဲ့လည်း စကားပြောချင်တယ်။အဲ့ဒါ စီစဉ်ထားပေးဦး "

" ဟုတ်ပြီ။စီစဉ်ထားလိုက်မယ်"

7.11.23

( အပိုင်းတိုလို့ တောင်းပန်ပါတယ်။
သင်တန်းစာတွေ ပိနေလို့ပါ❤️။)

မေ့သက်လျာWhere stories live. Discover now