အပိုင်း (19)

245 17 8
                                    

သက်လျာနဲ့ မေ ထိုကိစ္စဖြစ်ပြီးနောက် မဆုံဖြစ်ကြတော့။သက်လျာက မေကို ရှောင်နေသည်။

ဘယ်က ဘယ်လိုဖြစ်ပျက်သွားမှန်း စဉ်းစားမရ။ သူ့ကို မျက်နှာချင်းဆိုင်ဖို့ ခက်သည်။ဒီလိုအခြေအနေကြီးကိုလည်း မကြိုက်ပါ။ ဘာလုပ်သင့်လဲ။ ဒီလိုပဲ ဆက်ပြီး သူ့ကို ရှောင်နေဖို့ ကလည်း မဖြစ်နိုင်။အလုပ်ထွက်လိုက်ရမလား ဆိုတဲ့ အတွေးမျိုး ဝင်မိသော်လည်း အကြောင်းပြချက်က မရှိပြန်။

"သက်လျာ အခုတလော အလုပ်များနေပုံပဲ။ အခုတလော ငါတို့နဲ့ တောင် သိပ်စကားမပြောဖြစ်ဘူး"

" များမှာ ပေါ့ သူများက manager ဖြစ်သွားပြီလေ"

"သူများ တွေများ ရာထူးတိုးတာမြန်တာနော်"

"ဟုတ်ပ"

"အဲ့ဒါကြောင့် ပြောတာ ဘွဲ့ကောင်းတစ်ခုဆိုတာ ဒီလိုနေရာတွေမှာ စကားပြောတယ်ဆိုတာ"

ရုံးဆင်းသည်နှင့် သက်လျာ ညစာကို ညဈေးတန်းမှာစားပြီး အပြန်။

"သက်လျာ"

အသံလာရာဘက်သို့ လှည့်ကြည့်မိသည်။

"ကိုယ်မင်းနဲ့ စကားပြောချင်တယ်"

သူ့အသုံးအနှုန်းက ကိုယ်တဲ့လား။ ကြားရတဲ့ သူအတွက် က စိတ်ထဲ နှောင့် သွားသော်လည်း ပြောလိုက်သူကတော့ ထိုသို့ ဖြစ်ပုံမပေါ်။ သူ့အတွက်က နှုတ်မှ ထွက်လာသော ထိုအသုံးအနှုန်းသည် သက်တောင့်သက်သာရှိပုံရသည်။

အသင့် ဖွင့်ပေးလာသော ကားတံခါးကြောင့်
အလိုက်သင့် ဝင်ထိုင်လိုက်သည်။ကားသည် သူ၏ ဦးတည်ချက်နှင့် သွားနေသည်။သို့သော် ဘယ်ကိုသွားနေသလဲ ဘာအတွက်လဲ စတဲ့ စတဲ့ မေးခွန်းမျိုးတွေ မမေးမိ။မေးစရာမေးခွန်း မရှိ ပင်လား။ မမေးနိုင်တာလား မဝေခွဲနိုင်။ သေချာတာကတော့ သူနဲ့ စကားပြောဖို့ပင် ခက်ခဲနေသည်။နေရခက်သည်။မျက်နှာပူမိသည်။ကိုယ်ကိုယ်တိုင်က ဒီအနေအထား ကြီးကို ဘာတွေဖြစ်နေသလဲဆိုတာ မသိတတ်တော့။တွေးလည်း မတွေးချင်တော့။

"သက်လျာ"

"......"

"အခုတလော ဘာလို့ ကိုယ့်ကို ရှောင်နေတာလဲ"

မေ့သက်လျာWhere stories live. Discover now