" သက်လျာ မင်းကျောင်းပြီးရင် ဘာလုပ်မှာလဲ"
"Manage ပိုင်းမှာ လုပ်ချင်တာ "
" မင်းက အရည်အချင်းရှိတဲ့လူဆိုတော့ ဘာပဲလုပ်လုပ် အဆင်ပြေပါတယ်"
"မင်းကရော "
" ဘာလုပ်ရမှန်းတောင် မသိသေးဘူး "
"မင်းသင်ထားတဲ့ ပညာကို အားနာပြီးတော့လည်း ပြောဦး။မင်း Businessပိုင်းမှာ ဝါဿနာပါလို့ ဒီမှာ လာတက်တာ မဟုတ်ဘူးလား"
"အစတော့ ဒီဘွဲ့က လစာကောင်းလို့ ဒီတက္ကသိုလ်မှာ တက်ခဲ့တာ ။အခု တကယ်လည်း ပညာသင်ပြီးတော့မယ်ဆိုပြန်တော့ Businessပိုင်းကို စိတ်မဝင်စားလာသလိုပဲ "
" ဒါဆို မင်းက ဘာစိတ်ဝင်စားတာလဲ"
"ဖက်ရှင်ဒီဇိုင်နာ "
" အကောင်းဆုံးကတော့ ကိုယ်ဝါဿနာပါတာကို လုပ်တာက ပိုကောင်းတာပေါ့။ ဒါပေမဲ့ သင်ယူမှုဆိုတာ ပိုတယ် မရှိပါဘူး။တစ်ချိန်ချိန်ကျရင် ဒီပညာကလဲ မင်းအတွက် အသုံး၀င်လာမှာပါ"
" ဟန်နေသီ မင်းကော"
"ငါတော့ မေ့ ဆီမှာ အလုပ်လုပ်ဖို့ရှိတယ်"
"ဒီကျောင်းမှာလား"
"မဟုတ်ပါဘူး။ သူ့ကုမ္ပဏီမှာ "
" မေနဲ့ မင်းနဲ့ က ဆရာကန်တော့ပွဲမှာ စတွေ့ကြတာမဟုတ်လား။သိပ်တောင် မကြာသေးဘူး။ မေက မင်းကို အလုပ်တွေ ပေးလို့ပါလား''
"မဟုတ်ပါဘူး။ မေနဲ့ ငါက ရန်ကုန်မှာ ကတည်းက ခင်ကြတာ ကြာပြီ။ ငယ်ကတည်းက ကျောင်းနေဖက်တွေ လေ။ ပြီးတော့ အိမ်နီးနားချင်းတွေ။ မေ့မိဘတွေ က စီးပွားရေးမှာ အရမ်းနစ်မြှပ်ထားကြတာ။ မေ့ကို အချိန်သိပ်မပေးနိုင်ကြဘူး။ ဒါပေမဲ့ မေ့ဘဝက ရဲတိုက်ကြီးထဲက မင်းသမီးတစ်ပါးလိုတော့ပြည့်စုံခဲ့ပါတယ်။ မေ့မိဘတွေ အလုပ်ကိစ္စနဲ့ ခရီးတွေသွားရရင် မေ့ကို ငါတို့အိမ်မှာ လာလာအပ်ထားတတ်တယ်။ပြီးတော့ မေ့မိဘရဲ့ ကျေးဇူးတွေလည်း ငါ့မိဘတွေနဲ့ လူကြီး အချင်းချင်း ရှိကြတဲ့ပုံပဲ။ မေ့မိဘတွေ ငါ့တို့မိသားစုအပေါ် ကောင်းခဲ့တာတွေ ကူညီခဲ့တာတွေက ပိုများပါတယ်။တစ်မိသားစု နဲ့တစ်စု ယုံကြည်မှုလည်း ရှိကြတယ်"
YOU ARE READING
မေ့သက်လျာ
Teen Fictionဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။
