မျက်နှာပေါ်တွင် ကျရောက်လာသော အလင်းရောင်ကို ခံစားမိသည်။နားထဲ ပုံမှန်ကြားနေကျ နှိုးစက် သံ ဝင်လာသောအခါ မျက်လုံးများကလည်း ပွင့်လာရသည်။မျက်နှာသစ်ပြီး မနက်စာအတွက် မီးဖိုခန်းသို့ ဦးတည်လိုက်သည်။
"သမီး ထလာပြီလား"
"အန်တီလေးနဲ့ ဟန်နေ....ဘယ်တုန်းက ရောက်နေကြတာလဲ"
" မနက်က ဘုန်းကြီးကျောင်းမှာ အာရုံဆွမ်းသွားကပ်တာ။ဘုန်းကြီးကျောင်းက အပြန်သမီးဆီ တန်းလာခဲ့တာပဲ။ ဒီမှာ သမီးအတွက် မုန့်ဟင်းခါးလည်း ယူလာတယ်။အန်တီလေးနဲ့ မင်းသူငယ်ချင်းကလည်း မစားရသေးဘူး။ သမီးနဲ့ အတူတူစားဖို့ စောင့်နေတာ"
မနက်စာဖို့ မီးဖိုခန်းထဲ ဝင်လာချိန် စားပွဲပေါ်တွင် အဆင်သင့်ပြင်ဆင်ထားသော ကိုယ်ကြိုက်တတ်သည့် မုန့်ဟင်းခါးကြောင့် ဗိုက်ပင် ပိုဆာလာသည်။
" သမီးကို လာနှိုးလို့ရတာပဲ"
"သမီးက အလုပ်တွေ အများကြီး လုပ်ရတဲ့သူဆိုတော့ များများ အိပ်ဖို့ လိုအပ်တာပေါ့"
"သမီး ကျတော့ရော "
" သမီးမေက ညည့်နက်တဲ့အထိ အလုပ်လုပ်တဲ့သူမလို့။မင်းကတော့ ညည့်နက်တဲ့အထိ ဖုန်းသုံးတဲ့ သူမလို့ .. မတူဘူး"
"အမေတို့ များ အခေါ်အဝေါ်တွေက အစ နော်။သမီးအရင်းက ဒီမှာပါ"
"သမီးအရင်းဖြစ်နေလို့ပေါ့။ မွေးစားသမီးဆို ဒီလို ကာလနဂါးမျိုး ငါလည်း မမွေးစားပါဘူးတော်။ မနက်ကျရင် ဆွမ်းသွားကပ်ရမယ်နော်လို့ အတန်တန် မှာထားရဲ့နဲ့ "
"အမေကလည်း ဆွမ်းကပ်လိုက်ကူတာပဲကို"
"ဆွမ်းအတွက် ပြင်ဆင်ရတာက တစ်နာရီဆို မင်းကို နှိုးနေရတာ နှစ်နာရီဆိုတာလဲ ထည့်ပြောဦး။ မင်း ကို နှိုးရ ဘယ်လောက်ခက်လဲဆို ဒီနေ့ဆွမ်းပို့တာ မှီပါ့မလားလို့ ငါ့မှာ ရင်တမမနဲ့။သမီးတစ်ယောက်လေး ရှိတာ အားကိုးလို့များရမလားလို့ "
"အမေကလည်း အားကိုးလို့ရပါတယ်''
"အမလေး ...မင်းကိုသာ အားကိုးလိုက်ရင် လေ အာရုံဆွမ်းကနေ နေ့ဆွမ်း ကူးသွားမှာ အသေအချာပဲ"
YOU ARE READING
မေ့သက်လျာ
Fiksi Remajaဤ Fic တွင် ပါဝင်သော အကြောင်းအရာနှင့် Character များသည် စာရေးသူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။တစ်စုံတစ်ဦးကို တိုက်ခိုက်စော်ကားခြင်းမျိုး မဟုတ်ပါ။