Chapter.17 Unicode

22.1K 771 38
                                    

❤️စက္ကူပန်း 17

                     အပိုင်း~၁၇

ပါမောက္ခကသူ့ရုံးခန်းထဲကမှန်မှာကြည့်ပြီးမနေ့က
သွားသထားတဲ့ဆံပင်ကိုhair creamနဲ့အကျအနနောက်သို့လှန်သပ်ကာဖီးသည်။
အကျီကလည်ကတုံးလက်ရှည်ခဲရောင်ဝတ်ထားတာဖြစ်ပြီး၊စတိုင်ပင်အနက်နဲ့..လုံးဝစမတ်ကျနေကာ..
ဗီဒိုထဲမှာအစီအရီချိတ်ထားတဲ့ဂျူတီကုတ်တွေထဲမှာမှ၂ခုကိုဆွဲထုတ်လိုက်ပြီး..ဘယ်ဟာကောင်းလဲ
သေချာထောင်ကြည့်ပြီးရွေးနေတာကြောင့်....

သူ့ရုံခန်းထဲလာစကားပြောနေတဲ့ဉာဏ်ဝင်းကပင်
သူ့ကိုလိုက်ကြည့်ပြီး..
" အတူတူပဲ မဟုတ်ဘူးလား.."
" ဘယ်ဟာပိုဖြူလဲ လို့..ဒီဟာပဲ."

" အစ်ကို..ကလူနာကြည့်မှာလားရုပ်ရှင်ရိုက်မှာလား"
" ဘာဖြစ်လို့လဲ?"

" ဘာဖြစ်လို့လဲ ဟုတ်လား၊ခုနကတည်းကကျွန်တော်ကြည့်နေတာအစ်ကိုအခုတလောပုံမှန်မဟုတ်
ဘူးနော်...ဘာလဲအသစ်အဆန်းတွေတွေ့ပြီလား"

" အဟက် ..ငါကအသစ်မကြိုက်ဖူးကွ..."
မှန်သောစကားကိုဆိုပေမယ့်လည်းဘာကိုဆိုလိုမှန်းဉာဏ်ဝင်းကတော့မရိပ်မိ။

ပြင်ပလူနာကြည့်ချိန်မို့.အောက်ထပ်ကိုဆင်းပြီးဆေးခန်းထိုင်ရသည်။
သူဆင်းလာတော့လူနာတွေကတန်းစီစောင့်နေပြီ
ဖြစ်ကာ..ရှိုးအပြည့်နဲ့သူ့ကိုနံ့သာကလူမမြင်အောင်
မဲ့ရွဲ့ကာမျက်စောင်းထိုးသည်။

သူ့ဘေးမှာလည်းနဲ့သူ့ရဲ့လက်ရွေးစင်တပည့်နာစ့်နဲ့အကူ၃ယောက်အပြင်နံ့သာပါရပ်နေရပြီး..
လူနာခေါ်ပေးတာ၊ပြီးရင်ဆေးကောင်တာအထိလိုက်ပို့တာမျိုးတွေနဲ့သူခိုင်းသမျှလုပ်ပေးရသည်။

သူက၂နာရီပဲပြင်ပလူနာကြည့်ပေးတာဖြစ်ပြီး..ဒါပေမယ့်လူနာတွေကတန်းစီနေတော့၃နာရီနီးပါးလောက်မှတုံကင်ကပြတ်သည်။
နံ့သာတို့လည်း၃နာရီလုံးမတ်တပ်ပဲပေါ့။

ပြီးတော့သူကအနားကလူတွေကိုတစ်ယောက်ချင်း
စီပထုတ်လိုက်တော့သူနဲ့နံ့သာပဲကျန်ခဲ့သည်။
နံ့သာကဆေးပုလင်းတွေ၊သုံးပြီးသားအမှိုက်တွေကို
သိမ်းနေသည်။

" အဲ့တာတွေထားလိုက် သန့်ရှင်းရေးတွေလုပ်လိမ့်မယ်"
သူပြောပေမယ့်နံ့သာကပြီးအောင်လုပ်ပြီးအမှိုက်ထုတ်ကိုသေချာချည်ကာသွားပစ်ဖို့လုပ်နေတာကြောင့်သူကလက်ကိုဖမ်းဆွဲထားပြီး..
" ပြောနေတာမကြားဘူးလား..."

My Ex-husband is Professor /စက္ကူပန်းNơi câu chuyện tồn tại. Hãy khám phá bây giờ