❤️စက္ကူပန်း 27
အပိုင်း~၂၇
မောင်ကနံ့သာကိုအဆောင်အထိလိုက်ပို့သည်။
နံ့သာကအငိုတိတ်သွားတော့သူ့ကိုဘာစကားတစ်
ခွန်းမှမဆိုပါပဲ.အဆောင်ထဲဝင်ကာသူမရဲ့အခန်းဆီသို့တန်းတန်းမတ်မတ်လျှောက်သွားပြီးတံခါးပိတ်
လိုက်ပါသည်။ ဟင်း...ခွဲလူနာထပ်ရှိသေးလို့သူပြန်ရသွားရပြီး..သူ့အလုပ်
ပြီးတာနဲ့အဝတ်အစားလဲကာနောက်တစ်ကြိမ်ပြန်
ထွက်လာခဲ့သည်။ဖုန်းထဲမှာအမေတို့အဲမိုတို့ခေါ်ထားတဲ့miss call
တွေကိုလည်းသူစိတ်ဆိုးလွန်းလှသဖြင့်ပြန်မဆက်
ပါ။သူကဒီတစ်ခါတော့မိန်းခလေးအဆောင်ထဲသို့တရားဝင်ဧည့်သည်အဖြစ်နဲ့အဆောင်မှူးအား
တွေ့ခွင့်တောင်းကာဝင်လာပါသည်။လက်ထဲမှာပန်းခြင်းတစ်ခြင်းနဲ့မုန့်ဘူးတွေသယ်လာ
သေးသည်။
" ထိုင်ပါ ဒေါက်တာ..."
နေ့လည်ကဂျူတီကုတ်နဲ့မြင်လိုက်ရတာကြောင့်ဆရာဝန်မှန်းတော့သိပြီးဖြစ်သည်။
နံ့သာကအခုထိအိပ်ခန်းထဲမှာတုပ်တုပ်တောင်မလှုပ်ပဲဆင်းလည်းမလာပါ။" သူအဆင်ပြေရဲ့လားမသိဘူးဗျ..."
" အဆောင်ပြန်လာရင်ဒီလိုပဲတစ်နေ့လုံးအိပ်တတ်
ပါတယ်...ဒါနဲ့ဒေါက်တာကပန်းနုနဲ့ဘယ်လို?.."
" သြော် ဟုတ်ကဲ့ ကျွန်တော့်ကိုကျွန်တော်မိတ်ဆက်ဖို့မေ့နေတာ...စောညီညီလို့ခေါ်ပါတယ်ခင်ဗျာ"သူ့ရဲ့visiting cardထုတ်ပြီးအဆောင်မှူးအား
လှမ်းပေးလိုက်သော်...
"ပရော်ဖက်ဆာလား...."
" ဟုတ်ကဲ့.."
အဆောင်မှူးများသူ့ကိုအကဲခတ်ကြည့်ပြီးအံ့အား
သင့်နေကာ..
" ဒါဆို ပန်းနုနဲ့က..."
" ခင်ပွန်းပါ၊ သူ့အမျိုးသားပါ..."
ဒီတစ်ခါပိုပြီးအံ့အားသင့်သွားရတော့သည်။" ဟို ကွဲနေတယ်ဆိုတာ..."
" ပြန်လက်ထပ်မှာပါ..."
" သြော် အင်းသိပါပြီ..."
" နေ့လည်ကဖြစ်ရပ်ကြောင့်သူ့ကိုအထင်မလွဲစေချင်ပါဘူးဗျာ..အဲ့ဒါကျွန်တော့်မိဘနဲ့အစ်မတွေပါ"" နားလည်ပါပြီရှင်..."
" နေ့လည်ကကိစ္စကြောင့်အဆောင်အတွက်အနှောက်အယှက်ဖြစ်သွားရင်အညူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ..
ခွင့်လွှတ်ပေးပါ...
ပြီးတော့ ကျွန်တော့်နံ့သာကိုလည်းစောင့်ရှောက်ပေးပါဗျာ၊ ကျေးဇူးတင်ပါတယ်
သူကအဆောင်ကအကြောင်းတွေခဏခဏပြောပြပါတယ်..."
![](https://img.wattpad.com/cover/335781889-288-k960856.jpg)
VOCÊ ESTÁ LENDO
My Ex-husband is Professor /စက္ကူပန်း
Romance"ရှင်သာ ပါမောက္ခဆိုပြီး အာဏာပါဝါလာမပြနဲ့နော်" " မပြောတတ်ဘူးလေ..ငါကပါမောက္ခပဲ..." >>>>>> " စူးခင်းလမ်းမှာလိုက်မလာနိုင်ရင် ပန်းခင်းလမ်းကြမှ မမျှော်လင့်နဲ့..." " ရှင့်ကိုမျှော်နေတယ်ထင်လို့လား အံ့သြဘ.. ဒီမှာ ရှင်မေ့နေပြီထင်လို့သတိပေးလိုက်အုံးမယ်... ကျမပ...