❤️စက္ကူပန်း ၃၀
အပိုင်း-၃၀
" ကျွန်မခံစားချက်တွေကိုမလှောင်ပြောင်ပါနဲ့...
အဲ့ဒီ့မိန်းမက ကျွန်မထက်ဘာများသာနေတာရှိလဲ
ပြောစမ်းပါ... ပြောပါအုံးလို့..."
ခင်လွန်းကမူးပြီးအော်နေပါသည်။သူမကိုဒီကလပ်
ကလူတွေကလည်းသိပြီးသားမို့..ကြာကြာနေရင်
သိက္ခာကျမှာဆိုးလို့..
" လာပါ ကျွန်တော် မင်းကိုပြန်ပို့ပေးမယ်နော်"သူကခင်လွန်းကိုဆွဲမထူလိုက်သည်။ခင်လွန်းက
တော်တော်မူးနေဟန်ရှိတာကြောင့်ကားပေါ်အထိ
မနဲတွဲလာရပြီး..ဝိတ်တာကောင်လေးကကူပေးဖို့လာ
ပေမယ့်ခင်လွန်းသိက္ခာကြောင့်သူကငြင်းလိုက်ပါ
သည်။အိမ်ကိုသိပြီးရောက်လည်းရောက်ဖူးပြီးသားမို့
တစ်ခါထဲမောင်းလာခဲ့ပြီး...
တီ....တီ.....
ခြံဝမှာဟွန်းတီးတော့တံခါးမကြီးပွင့်လာပါသည်။" မမလေး ပြန်လာပါပြီ...."
အိမ်ကြီးမှာအဖြူရောင်ရဲတိုက်ကြီးလိုခမ်းနားဝံ့ကြွား
စွာရှိပြီး၊ခြံကြီးကမီးရောင်တွေထိန်လင်းနေပါသည်။" ခင်လွန်း.... ရောက်ပြီဗျ..."
လှမ်းနိုးလိုက်ပြီးကားတံခါးဖွင့်ကာဆွဲထုတ်ရသည်။အစေခံမလေးတွေပြေးထွက်လာပြီး..လာကြိုပေမယ့်..
" ဖယ် ငါ့ကိုမထိနဲ့..."
မူးနေတဲ့ခင်လွန်းကတွန်းထုတ်တာကြောင့်...
" အစ်ကိုလေးအထဲထိ လိုက်ပို့ပေးနိုင်မလားဟင်"
" အန်ကယ်ကြီးနဲ့မာမီကြီးတို့က ခရီးသွားနေလို့ပါ..."" သြော် ရပါတယ်....ဒါဆိုလိုက်ပြပါအုံး"
" ဟုတ်.."
သူကခင်လွန်းကိုကူတွဲလာပြီးအိပ်ယာထဲအထိလိုက်
ပို့ရသည်။
သွေးထဲကအယ်ကိုဟောပမာဏကိုလျှော့ချဖို့အတွက်..ဆေးထိုးပေးဖို့ကိုအိမ်မှာဆေးအရံသင့်မရှိဘူးဆို
တော့သူထွက်ဝယ်ပြီး..တစ်ခေါက်ပြန်လာကာထိုး
ပေးခဲ့ရသည်။နံ့သာဆီကိုသူပြန်တော့အဆောင်တံခါးကပိတ်နေ
ပြီဖြစ်သည်။နံ့သာကဖုန်းလည်းမကိုင်၊အခန်းကလည်းမီးပိတ်ထားသဖြင့်..ဒီအတိုင်းပဲရပ်ကြည့်ပြီးပြန်လာခဲ့ရတော့သည်။>>>>>>>>>>>>>>
မနက်ရောက်သော်...
ညကအလွန်အကျွံသောက်ခဲ့သော်လည်းဆေးပေး
ခဲ့တဲ့အတွက်..သိပ်နောက်မကျပဲခင်လွန်းနိုးထလာခဲ့သည်။ ခေါင်းထဲကတော့မူးဝေနေဆဲမို့..မနေ့က
လုပ်ခဲ့တာတွေကအိပ်မက်လားတကယ်လားဝေခွဲ
မရပေ။
" ဘယ်သူရှိလဲ..."
" မမလေး နိုးပြီလားရှင့်..."
" ဒါလေးသောက်လိုက်ပါရှင့်..."
ရေဖန်ခွက်နဲ့အရက်နာကျရင်သောက်တဲ့ဆေးကို
ကောင်မလေးကသယ်လာပါသည်။

BẠN ĐANG ĐỌC
My Ex-husband is Professor /စက္ကူပန်း
Lãng mạn"ရှင်သာ ပါမောက္ခဆိုပြီး အာဏာပါဝါလာမပြနဲ့နော်" " မပြောတတ်ဘူးလေ..ငါကပါမောက္ခပဲ..." >>>>>> " စူးခင်းလမ်းမှာလိုက်မလာနိုင်ရင် ပန်းခင်းလမ်းကြမှ မမျှော်လင့်နဲ့..." " ရှင့်ကိုမျှော်နေတယ်ထင်လို့လား အံ့သြဘ.. ဒီမှာ ရှင်မေ့နေပြီထင်လို့သတိပေးလိုက်အုံးမယ်... ကျမပ...