❤️စက္ကူပန်း...1
စောညီညီ၊ ပန်းနုနံ့သာ ၊ ဇော်အဂ္ဂရှိန်အချစ်ဆိုတာ နှစ်ယောက်စလုံးကသာတူညီမျှချစ်နေနိုင်မှအချစ်လို့ခေါ်တာပါမောင်...
တစ်ယောက်ကချစ်ယုံပဲချစ်တတ်ပြီးတာဝန်ယူမှုမရှိတဲ့အခါ၊ ကျန်တစ်ယောက်ကပဲအဲ့ဒီ့အချစ်အတွက်
အလုံးစုံဖြည့်ဆည်းပေးဆပ်နေရမယ်ဆိုရင်..
ဒါကအချစ်မဟုတ်တော့ဘူး၊တဖက်သက်ပဲ...ကျွန်မရဲ့အထီးကျန်ခြင်းနာကျင်ကြေကွဲရခြင်းတွေ ကို...အမုန်းတရားနဲ့ အဆုံးမသတ်ခင်မှာ
မောင် ကျွန်မဘက်ကိုတချက်လောက်လှည့်ကြည့်
လိုက်ပါ။>>>>>>>>>>
အခန်း(၁)
ူဒိုင်ယာရီလေးရဲ့အစ...ပန်းနုနံ့သာ..ဆိုတဲ့ကျွန်မဟာဘဝအကျိုးပေးကံမကောင်းလို့ဆင်းရဲရပေမယ့်ရုပ်ရည်လေးကတော့ အတော်လေးလှတယ်လို့ပြောရမယ့်မိန်းကလေးပါရှင်။၇တန်း၊၈တန်းလောက်ကတည်းကကျောင်းမှာ
ကျွန်မကနာမည်ကြီးလေ..ကျွန်မလမ်းသွားရင်နောက်ကနေတကောက်ကောက်လိုက်ကြတဲ့ကောင်လေးတွေ၊စီနီယာအစ်ကိုကြီးတွေမှမနည်းမနောပင်
...။ ဟိုသီချင်းထဲကလို...မျက်လုံးလေးတစ်ဖက်ကို
မှိတ်ပြလိုက်ရင်တစ်ပုံချည်းပါလာမယ်'..ဆိုတာ
ကျွန်မကတော့အဲ့လိုမဟုတ်ပါ..ပန်းနုနံ့သာကမျက်
ခုံးလေးပင့်ပြီးမျက်လုံးလေးတချက်ဝေ့ကြည့်ယုံနဲ့
တင်ပစ်ကျသွားမယ့်သကောင့်သားတွေမှအပုံကြီး။သူတို့ကကျွန်မကို ကျွန်မတတ်တဲ့ကျောင်းအထက
ကိုအစွဲပြုလို့..ထ၂ကအလှနတ်ဖုရားမ၊ဗီးနစ်၊ပန်ဒို
ရာတဲ့..ဟော..ကျွန်မဆီကအချစ်ပြန်မရတဲ့လူတွေကြတော့လည်း မြွေဟောက်မ၊အသဲစားဘီလူးမ
တဲ့။ကျွန်မအမေကတော့..သူ့လိုငယ်ငယ်နဲ့အိမ်ထောင်
ကျပြီးဒုက္ခပင်လယ်ဝေမှာဆိုးလို့..ကျွန်မကိုရည်းစားမထားဖို့၊ထားရင်လည်းမများဖို့ဆုံးမရှာပါတယ်။ဒီတလောကလုံးမှာပြီးပြည့်စုံတဲ့လူဆိုတာမရှိဘူးဆိုသလိုပဲ..ကျွန်မဟာလည်းရုပ်ကလေးလှပေမယ့်၊
မှတ်ဉာဏ်ကတော့သိပ်မကောင်းဘူးထင်ပါရဲ့..
ဆယ်တန်းနှစ်ခါကျတယ်လေ။
ထပ်ပြီးမဖြေချင်တော့နဲ့..အလုပ်ကလေးဝင်လုပ်သည်။ဆယ်တန်းမအောင်တော့အလုပ်ကောင်းကောင်းမရဘူး..တစ်ခုအဆင်မပြေတစ်ခုပြောင်းရင်း..
လောလောဆယ်တော့နောက်ဆုံးအလုပ်ကနေထွက်လာတာမို့ အိမ်မှာခဏမှီခိုနေတုန်း....
ESTÁS LEYENDO
My Ex-husband is Professor /စက္ကူပန်း
Romance"ရှင်သာ ပါမောက္ခဆိုပြီး အာဏာပါဝါလာမပြနဲ့နော်" " မပြောတတ်ဘူးလေ..ငါကပါမောက္ခပဲ..." >>>>>> " စူးခင်းလမ်းမှာလိုက်မလာနိုင်ရင် ပန်းခင်းလမ်းကြမှ မမျှော်လင့်နဲ့..." " ရှင့်ကိုမျှော်နေတယ်ထင်လို့လား အံ့သြဘ.. ဒီမှာ ရှင်မေ့နေပြီထင်လို့သတိပေးလိုက်အုံးမယ်... ကျမပ...