❤️စက္ကူပန်း 18
အပိုင်း~၁၈
ခွဲခန်းထဲမှာသူ့ကိုဓားနှုတ်ပြီး..ဗိုက်ကိုထပ်မံခွဲကာ
ပေါက်ကွဲသွားတဲ့ကလီစာကိုပြန်ချုပ်ရသည်။
ဒီတစ်ခေါက်ခွဲစိတ်မှုကတော့ခွဲခန်းဘုရင်ကိုယ်တိုင်
လူနာဖြစ်နေတာမို့..ခွဲခန်းထဲမှာအားလုံးကိုယ်ဆီစိတ်ပူ
ပင်နေကြရပြီး..အသက်ရှုသံပြင်းပြင်းတွေပဲကြားနေ
ရသည်။" ပြီးပြီ အဆင်ပြေတယ်၊ ချုပ်မယ်..."
" ခဏ..."
ခင်လွန်းကတားလိုက်ပြီး...
" ကျွန်မ ကျွန်မလုပ်ပါရစေ..."
သူ့အလုပ်မဟုတ်ပေမယ့်လည်းတောင်းဆိုတော့
နန္ဒာကဖယ်ပေးလိုက်သည်။ခင်လွန်းကနေရာမှာရပ်ပြီးချုပ်စက်ကိုကိုင်ကာ..
" ကျွန်မတို့ပါမောက္ခက ချုပ်ရိုးဆိုရင်လှလှပပချုပ်
မှကြိုက်တာနော်..."
" ဟုတ်ပါတယ်...ကျွန်တော်ဆိုအမြဲတမ်းအဆူခံရတယ်...."
အထဲကကလီစာတွေကိုပြန်ချုပ်ရင်တောင်သူလက်
ရာကလှပပြီးသေသပ်လွန်းသည်။ချုပ်ရိုးကိုလည်း
ဖြစ်သလိုဘယ်တော့မှမလုပ်..သူကိုင်တဲ့လူနာတိုင်း
အမြဲတမ်းသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပေးသည်။ခွဲစိတ်တာပြီးသွားတော့ICUထဲကိုရွေ့ကြသည်။
လက်ဆေးတဲ့အခန်းထဲမှာ..အထူးကုနန္ဒာက...
" အဲ့လူကိုမိတယ်မို့လား၊ ဘယ်လိုလုပ်ဆရာ့လိုလူကိုမှဒုက္ခပေးနိုင်ရတာလဲ..
နန္ဒာဆိုတချိန်လုံးလက်တွေတုန်နေတာ ၊ အစ်မခင်လွန်းကချုပ်ပေးမယ်ဆိုလို့တော်သေးတယ်.."ခင်လွန်းကလည်းလက်ဆေးရင်း...
" ဘယ်လိုညှိနှိုင်းမှုမျိုးမှ လက်မခံပါဘူး..
ထိုက်သင့်တဲ့အပြစ်ဒဏ်ကိုခံယူခိုင်းမှာပါ..."
ဟုတိကျပြတ်သားစွာပြောပါသည်။ခဏအကြာမှာသူနာပြုတစ်ယောက်ပြေးလာပြီး..
" အစ်မတို့ ဆရာသတိရလာပြီထင်တယ်..."
" တကယ်လား...."ဒါပေမယ့် ပါမောက္ခကခဏသတိလည်လာတုန်းမှာပြောတဲ့စကားက
သူ့အိမ်ကိုအကြောင်းမကြားပါနဲ့တဲ့။>>>>>>>>>>>>>>>>
နံ့သာကိုလည်းwardထဲကဆရာဝန်နဲ့နာစ့်လေး
တွေကဝိုင်းနှစ်သိမ့်ပေးကာ..နားနေခန်းထဲမှာသွားနေခိုင်းပါသည်။
နံ့သာမှာတစ်ချိန်လုံးဘုရားစာတွေရွတ်နေခဲ့ရသည်။
YOU ARE READING
My Ex-husband is Professor /စက္ကူပန်း
Romance"ရှင်သာ ပါမောက္ခဆိုပြီး အာဏာပါဝါလာမပြနဲ့နော်" " မပြောတတ်ဘူးလေ..ငါကပါမောက္ခပဲ..." >>>>>> " စူးခင်းလမ်းမှာလိုက်မလာနိုင်ရင် ပန်းခင်းလမ်းကြမှ မမျှော်လင့်နဲ့..." " ရှင့်ကိုမျှော်နေတယ်ထင်လို့လား အံ့သြဘ.. ဒီမှာ ရှင်မေ့နေပြီထင်လို့သတိပေးလိုက်အုံးမယ်... ကျမပ...