Chapter.21 Unicode

25.3K 906 47
                                    

❤️စက္ကူပန်း 21

                     အပိုင်း~၂၁
" ပါမောက္ခ....ဒီအသက်အရွယ်ရောက်တာတောင်
ရှင်ရဲ့တဇွတ်ထိုးဆန်တဲ့အကျင့်ကလုံးဝမပြောင်းလဲ
ဘူးနော်..."
နံ့သာကလေသံမာမာနဲ့ပြောတော့..သူလန့်သွားပြီး
ဖက်ထားတာကိုလွှတ်ပေးလိုက်သည်။

ပြီးမှမျက်နှာကိုလိုက်ကြည့်ပြီး..
" စိတ်ဆိုးသွားတာလား...ကိုယ်ကဒီအတိုင်းမင်းကို
တွေ့တော့စနောက်ချင်တာနဲ့..."
နံ့သာကမျက်နှာထားပိုတင်းကာ..
" အခု လူကိုစနောက်ပြီး ဖက်တယ်လို့ပြောနေတာ
လား.."
" မဟုတ်...မဟုတ်ပါဘူး ဖက်တာကအတည်ပါ.."
" ပါမောက္ခ....
ရှင်ကလေရာထူးသိက္ခာကိုမထောက်ဆေးရုံကြီးမှာ
ဒီလိုလုပ်နေလို့ဖြစ်မလား ဟမ်.."

" ဒါဆိုဆေးရုံမဟုတ်တဲ့နေရာမှာတွေ့ကြရအောင်
ဒီညနေဆိုဘယ်လိုလဲ...အားလား?"

နံ့သာကသူ့ကိုဒီလိုအဓိပ္ပါယ်နဲ့ပြောတာမဟုတ်ဘူးလေ..ဒါကိုလိုချင်ရာပဲဆွဲတွေးနေတဲ့ပါမောက္ခအား
စိတ်တိုလာရ၍...
" မအားဘူး..."
" ဒါဆို မနက်ဖြန်ကော...မနက်ဖြန်..."

နံ့သာကသူ့ကိုစိတ်တိုပြီးသွားကိုကြိတ်ပြီးအခန်းပြင်
သို့ပြန်လှည့်ထွက်သည်။
"မဟုတ်ဘူးလေ၊ မနက်ဖြန်ကျအားလားလို့...
နံ့သာ......နံ့သာ......"

အခန်းပြင်မှာထပ်ပြီးဓာတ်မှန်ဆရာဝန်နဲ့တိုးတော့
နံ့သာမျက်နှာကိုဝှက်ပြီးအမြန်ပြေးထွက်လာရသည်။
စောညီညီ...စောညီညီ..သူ့အသက်ကဘယ်လောက်မို့လို့ဒီလောက်မဆင်မခြင်လုပ်ရတာလဲ...
သူ့ကိုယ်သူအထက်တန်းကျောင်းသားများမှတ်နေ
သလားမသိ..ငါ့နှယ်။

>>>>>>>>>>>>>>>>>

" ဘယ်လိုလဲအစ်ကို.ဆွေးနွေးတာအောင်မြင်လား"
သူကဉာဏ်ဝင်းကို နံ့သာနဲ့ဆွေးနွေးစရာရှိလို့ဆိုပြီး
ဂျင်းထားတာကြောင့်ဖြစ်သည်။

" အင်း ၅၀ရာခိုင်နှုန်းလောက်ပေါ့...."
တကယ်တော့သူလည်းပြေရာပြေကြောင်းပြောမလို့ပါပဲ။ဒါပေမယ့်သူဝင်လာတော့ကျောပေးရပ်နေတဲ့နံ့သာကိုမြင်တော့..အတိတ်ကလိုအကျင့်တွေပေါ်လာပြီးဖက်လိုက်မိတာဖြစ်သည်။
စိတ်တော့တကယ်ဆိုးသွားပုံမရပါဘူး။

My Ex-husband is Professor /စက္ကူပန်းNơi câu chuyện tồn tại. Hãy khám phá bây giờ