Chapter.15 Unicode

22K 765 19
                                    

❤️စက္ကူပန်း 15

                     အပိုင်း~၁၅

Royalရဲ့ခွဲခန်းထဲမှာ...
ပါမောက္ခနဲ့အဖွဲ့ကအရေးပေါ်နှလုံးခွဲစိတ်မှုစတင်နေ
ကြသည်။
" သွေးပေါင်ချိန်..."
" သွေးပေါင်ချိန်ကျလာပြီဆရာ.."
မေ့ဆေးပါရဂူခင်လွန်းအားလှမ်းကြည့်ကာ..
" အဆို့ရှင်အခြေအနေဘယ်လိုရှိလဲ...."
" ကောင်းပါတယ်ဆရာ..."
" သွေးလိုမယ်ထင်တယ်နော် ဆရာ..."
သူကခေါင်းညိတ်ပြပြီး..ခွဲစိတ်မှုအပေါ်အာရုံအပြည့်
အဝစိုက်ထားသည်။နှလုံးသွေးကြောတွေကိုညှပ်နဲ့
ဆွဲထုတ်ကာတစ်ခုပြီးတစ်ခုအစားထိုးနေတဲ့သူ့
လက်တွေကလျှင်မြန်လွန်းလှသည်။

သူ့ဘက်ကအစားထိုးမှုပြီးသွားတော့..ရှေ့ကအတူ
ခွဲစိတ်နေတဲ့လက်ထောက်ကိုကြည့်ပြီး..ခေါင်းငြိတ်
ပြလိုက်သည်။
" သွေးပေါင်ချိန်ပြန်တတ်လာပြီဆရာ..."
" ချုပ်မယ်...."
ခွဲထားတဲ့ရင်အုံကိုပြန်ချုပ်ဖို့လုပ်နေမှ..သူ့ခါးရိုးက
မျက်ခနဲအောင့်လာလို့..သူအနည်းငယ်ဟန်ချက်
ပျက်သွားလျှင်..လက်ထောက်ကရိပ်မိပြီး..
" ဆရာ...ရရဲ့လား."
နာကျင်မှုကိုသီးခံပြီး၊လက်ကာပြလိုက်ရင်း..
" ဆက်လုပ်မယ်...."

ခွဲစိတ်မှုကိုအောင်မြင်စွာအပြီးသတ်ပြီးနောက်..ရေ
ချိုးခန်းကဘေစင်မှာလက်ဆေးသည်။အနားက
လက်အတူဆေးနေတဲ့အမျိုးသားလက်ထောက်
ဆရာဝန်မှ..
" ဆရာ့လက်ကနတ်ဘုရားလက်ပဲနော်..
ဒီတစ်ခါလည်းအကောင်းဆုံးလုပ်နိုင်ခဲ့ပြီ..."

သူကငုံ့ပြီးလက်ဆေးနေတုန်းခါးရိုးကအခုထိနာနေဆဲမို့..အနည်းငယ်ညီးညူမိလျှင်..

" ဆရာ ခုနကတည်းကကြည့်နေတာအဆင်မပြေ
တဲ့ပုံပဲ၊ ကျောရိုးကဒဏ်ပြန်ထနေတာလား."
" ဟုတ်တယ်ဗျ ..တစ်ချက်တစ်ချက်ကျရင်အဲ့လိုပဲ"

" နောက်OPကျန်သေးတာ၊ ဘယ်လိုလုပ်မလဲဆရာ.."
" ရပါတယ်၊ အချိန်ရှိသေးတာပဲ...
ကျွန်တော်ခဏအနားယူရင်ရပါပြီ၊စိတ်မပူပါနဲ့.."

သူ့အခန်းထဲပြန်ပြီး..အဝတ်များချွတ်ကာခါးကိုဆေး
ပလာစတာနဲ့ကပ်သည်။ရေသန့်ယူကာဆေးသောက်ပြီးနောက်ဆုံလည်ခုံမှာထိုင်ပြီး..နောက်ထပ်ခွဲစိတ်မှုအတွက်အသေးစိတ်ကိုကွန်ပြူတာနဲ့ကြည့်ရှုသည်။

My Ex-husband is Professor /စက္ကူပန်းTempat cerita menjadi hidup. Temukan sekarang