Chapter.25 Unicode

24.9K 797 33
                                    

❤️စက္ကူပန်း 25

                     အပိုင်း~၂၅

" ဟဲ့ ကြားပြီးပြီလား...ဆေးရုံကရာထူးကြီးပိုင်းတစ်ယောက်ကဝန်ထမ်းမလေးနဲ့ရုံးခန်းမှာဘာညာ
ူသာရကာဖြစ်နေတာတဲ့... "
" ဟယ် ဟုတ်လား၊ ဘယ်သူလဲ..."

" မသိဘူး အခုထိနာမည်တော့မပြောသေးဘူး..
လူလတ်ပိုင်းရာထူးကြီးတဲ့အထဲကဆိုတာတော့
သေချာတယ်...ငါ့အဖေပြောတာ.."

ဒီသတင်းကိုနီလာဆိုတဲ့နာစ့်လေးကwardထဲသယ်လာတာဖြစ်သည်။နာစ့်ဆိုပေမယ့်ကားကိုယ်တိုင်
မောင်းပြီးအလုပ်တတ်နိုင်တဲ့သူပင်..သူ့အဖေကလည်းဆေးရုံကဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်လေ။

နီလာကနာစ့်ဆိုပေမယ့်ဆရာဝန်တွေထက်တောင်
အခွင့်အရေးရပြီး...ပါမောက္ခရဲ့လက်ရွေးစက်တ
ပည့်ထဲကတစ်ယောက်ဖြစ်သည်။

" သမီးတို့ပါပါးတော့မဖြစ်နိုင်ဘူးမှတ်လား..."

" ပါပါးကလူလွတ်ပဲလေ၊ သူကြိုက်တဲ့လူရှိရင်တန်း
ယူရတာကို ဘာလို့နာမည်အထွက်ခံမှာလဲ...
ပြီးတော့၂နှစ်လုံးအတူအလုပ်လုပ်လာတာ..ပါပါး
ဘယ်လိုလူဆိုတာမသိဘူးလား....."

" အေးလေဟယ်..အိမ်ထောင်သည်ထဲကပဲနေမှာ
ပေါ့၊ ဒါမျိုးအရင်ကလည်းဖြစ်လို့ရုံးတွင်းအချစ်ဇတ်
လမ်းကိုတားမြစ်ထားတာလေ...။
တချို့မိန်းမတွေကလည်းအရမ်းကိုနွယ်ကြိုးစီးချင်
ကြတာလေ..ရာထူးကြီးကြီးတွေနဲ့သွားသွားမြူဆွယ်တာ..နာမည်ထွက်လာရင်ဟိုကသတိပေးခံရယုံ
လောက်ပဲ၊သူတို့ပဲအရှက်ကွဲရမှာ...

Royalကblack-listသွင်းလိုက်ရင်ဆေးလောကမှာလုပ်စားလို့တောင်မရတော့ဘူး...
ဒါလည်းနှာခေါင်းမပါကြဘူး၊ မယားငယ်ဘဝကို
ကျေနပ်နေတာ...."

သူနာပြုတွေတစ်ခု၊ဆရာဝန်တွေတစ်စုဒီအကြောင်း
ပဲပြောနေကြပြီး..သို့လောသို့လောဆိုတော့နံ့သာ
မှာစိတ်ဂယောက်ဂယောက်ဖြစ်လာရသည်။
သူမတို့အတွဲများလား?Cctvကလည်းမိထားတယ်
လို့လဲပြောကြတော့..

လောလောဆယ်မောင်ကလည်းမရှိ၊ခွဲခန်းထဲမှာဆို
တော့နံ့သာမှာတစ်ယောက်ထဲတွေးတွေးပြီးကြောက်လာရသည်။

အလုပ်လုပ်တာတောင်အယောင်ယောင်အမှားမှား
တွေဖြစ်ကုန်လို့..
" အစ်မ ဒါမဟုတ်ဘူးလေဗျ..."
" ဟုတ်ကဲ့ ဟုတ်ကဲ့ တောင်းပန်ပါတယ်ရှင်.."

My Ex-husband is Professor /စက္ကူပန်းDonde viven las historias. Descúbrelo ahora