Chapter.33 unicode

25.1K 851 60
                                    

❤️စက္ကူပန်း  33

               အပိုင်း-၃၃

ဒီနေ့မနက်တုန်းက..ပါမောက္ခကခင်လွန်းတို့အိမ်ကို
သွားခဲ့သည်။
နံနက်အစောကြီးသူရောက်လာလို့အားလုံးအံ့အား
သင့်နေကြသည်။
" စီနီယာ ဘယ်လိုလုပ်ရောက်လာတာလဲ..."

" ထိုင်လေ နံနက်စာအတူစားကြတာပေါ့..."
" ရပါတယ်ဗျာ ကျွန်တော်ဆေးရုံအုပ်ကိုလာတွေ့
တာပါ..."

ခင်လွန်းအဖေနဲ့စာကြည့်ခန်းထဲမှာသီးသန့်တွေ့ဆုံ
ကြပြီး..
" မောင်ရင် အခုစဉ်းစားပြီးပြီပေါ့..."
" ဟုတ်ကဲ့..."
" အင်း ကောင်းတယ်၊ ယောက်ျားဆိုတာဘာပဲလုပ်
လုပ်ပြတ်ပြတ်သားသားလုပ်ရတယ်..."
" ဟုတ်ကဲ့..ကျွန်တော်မှတ်ထားပါ့မယ်..."

" ဒါဆို မောင်ရင့်အဖြေက?.."
" ကျွန်တော့်အပြုအမူနဲ့ကျွန်တော့်မိသားစုရဲ့လုပ်ရက်တွေအတွက်တာဝန်ယူပြီး ရာထူးကနေနှုတ်ထွက်ပါမယ်..."
" ဘာ........."
" တောင်းပန်ပါတယ်ဆရာ...
ဒါကမှန်ကန်တဲ့လုပ်ရက်လို့ကျွန်တော်ထင်ပါတယ်"

" မှန်ကန်တဲ့လုပ်ရက်တဲ့ ...ဒါဆိုငါ့သမီးကကောသူ့
သိက္ခာတွေကိုမင်းဘယ်လိုပြန်ပေးမှာလဲ?"
" လူသားတွေရဲ့လုပ်နိုင်စွမ်းကအကန့်အသတ်နဲ့ရှိ
တာမို့အားလုံးကိုညီမျှအောင်တော့ဖြည့်ဆည်းနိုင်
မှာမဟုတ်ပါဘူး..ဆရာ"

" တော်တော်အပြောကောင်းပါလားကွ...
Royalကမင်းကိုပံ့ပိုးပေးထားလို့ဒီဘ၀ရောက်နေတာကိုတောင် ကျေးဇူးကန်းတဲ့ကောင်..."
သူကဘာမှမပြောပဲခေါင်းငုံနေခဲ့သည်။

" ကောင်းပြီ မင်းကဒီလိုဆိုမှတော့မင်းလိုကောင်မျိုးကိုငါတို့မိသားစုကလည်းစွန့်ပစ်လိုက်ပြီမို့...
နောက်ဘယ်လိုဘဝမျိုးပြန်ရောက်မလဲသာတွေး
ထားပါ...သွားလို့ရပြီ..."

သူခေါင်းငုံ့ကာနှုတ်ဆက်ပြီးထထွက်လာခဲ့သည်။
ပြန်အထွက်မှာခင်လွန်းနဲ့ဆုံကာ
" စီနီယာ....မဟုတ်ဘူးမှတ်လား ..စီနီယာကroyalကိုကျောခိုင်းမယ်ဆိုတာအဓိပ္ပါယ်မရှိဘူးလေ
ဟုတ်တယ်မှတ်လား...

အိပ်ရေးမဝလို့ ကယောင်ကတမ်းဖြစ်နေတယ်လို့
ထင်ပါတယ်၊ ပြန်အိပ်ပြီး သေချာပြန်စဉ်းစားပါအုံး
ဆရာ..."

My Ex-husband is Professor /စက္ကူပန်းDonde viven las historias. Descúbrelo ahora