❤️စက္ကူပန်း 34
အပိုင်း-၃၄
အိမ်မှာနေရင်းအရှေ့မှာဆေးဆိုင်လေးဖွင့်မလားဟု
နံ့သာစိတ်ကူးရလာသည်။
" လမ်းထဲမှာအရင်ကဆေးဆိုင်ရှိတယ်အရမ်းရောင်းရတာ၊အခုမရှိတော့ဘူး မောင်ရဲ့...
မောင်လည်းရှိနေတုန်း ဆေးအကြောင်းကျွန်မကိုသင်ပေးပေါ့.."သူ့ရင်ခွင်ထဲမှာမှေးမှီအိပ်နေရင်းကနေအရေးဆိုလာခဲ့တာဖြစ်သည်။တကယ်တော့သူ့အနေနဲ့သူမ
ကိုဘာမှမလုပ်စေချင်ပါ..ရင်သွေးယူရေးသာရှေးရှု
စေချင်တာဆိုပေမယ့်၊အခုနေငြင်းလိုက်ရင်မကောက်တေးကသူ့ကိုအကြီးကြီးကောက်ကာအငတ်
ထားပေလိမ့်မည်။အဲ့တာကြောင့် ချင့်ချိန်စဉ်းစားပြီး
....
" အင်း မင်းလုပ်ချင်ရင်တော့လုပ်ပေါ့မောင်ကမကန့်ကွက်ဘူးနော်..ဒါပေမယ့်
ဆေးနာမည်တွေနဲ့ဘာရောဂါသောက်ဆေး၊လိမ်း
ဆေးမှန်းသိအောင်မင်းကျက်မှတ်ရအုံးမှာဆိုတော့
လွယ်တော့မလွယ်ဘူး...."" ရပါတယ်မောင်ရဲ့၊ကျွန်မလည်းအခြေခံလောက်
တော့ရပါတယ်..."
" အင်း...အင်းပေါ့...."
ထင်တဲ့အတိုင်းပဲလေ။သူတို့နှစ်ယောက်စလုံးမှာ
တူညီတဲ့အကျင့်တစ်ခုကတော့တစ်စုံတစ်ခုကိုလုပ်
ချင်စိတ်ရှိနေပြီဆို ဘာဖြစ်ဖြစ်လုပ်ဖြစ်အောင်ကိုလုပ်တတ်တာပါပဲ။နံ့သာကအိမ်အရှေ့ဘက်ကမြေနေရာလွတ်မှာ၁၀
ပေပတ်လည်ဆိုင်ခန်းလေးချက်ချင်းဆောက်ပြီး
သူ့အစီအစဉ်ကိုအကောင်အထည်ဖော်ပါသည်။သူ့ဆီကနေလည်းအရင်းအနှီးထုတ်မယူပါဘူး..
ကွန်ဒိုကပြောင်းတုန်းကသယ်လာတဲ့အိမ်သုံးပစ္စည်းတစ်ချို့ကိုပြန်ရောင်းတာသိန်း၈၀ကျော်ရသည်။
" ဒါတွေကိုမောင်ကထားခဲ့ဖို့လုပ်တာလေ..အခုကြည့်ပါအုံး.."" အင်း များသားပဲ..
အဲမိုကသူရောင်းတာတွေမှန်သမျှမောင့်အိမ်ထဲ
လာလာထည့်ထားတာ အဲ့လောက်ရှိနေမှန်းမောင်
လည်းမသိဘူး..."
မောင့်ဆီကလည်း၁၀ဆလောက်ပြန်ယူသွားပြီးပြီမှန်းခန့်မှန်းမိပါတယ်။
အဲမိုက ခင်လွန်းမှခင်လွန်းဖြစ်နေတာကလည်းဒါမျိုးတွေကိုအချဉ်ဖမ်းပြီးရောင်းလို့ရနေတာကိုး...။
ESTÁS LEYENDO
My Ex-husband is Professor /စက္ကူပန်း
Romance"ရှင်သာ ပါမောက္ခဆိုပြီး အာဏာပါဝါလာမပြနဲ့နော်" " မပြောတတ်ဘူးလေ..ငါကပါမောက္ခပဲ..." >>>>>> " စူးခင်းလမ်းမှာလိုက်မလာနိုင်ရင် ပန်းခင်းလမ်းကြမှ မမျှော်လင့်နဲ့..." " ရှင့်ကိုမျှော်နေတယ်ထင်လို့လား အံ့သြဘ.. ဒီမှာ ရှင်မေ့နေပြီထင်လို့သတိပေးလိုက်အုံးမယ်... ကျမပ...